Part 18

823 48 0
                                    

[Zawgyi]

ပြန်လိုက်ပို့ပေးတဲ့ Innie ကို မနှုတ်ဆက်ခင်
ကျနော် တိုက်ပေါ်ကို မော့ကြည့်လိုက်တယ်.....

အင်း.....မီးလင်း နေတာပဲ
သူ ပြန်ရောက်နေပြီပေါ့

"Innie.....သွားတော့မယ်"

"အင်း.....လက်ကို ရေမစိုစေနဲ့နော်"

"အင်းပါ.....မင်းလည်း နားဦး"

ကျနော့်ဘက်က စတင် တွဲချိတ်ခဲ့တဲ့
လက်ချင်းယှက်သွယ်မှုကို ကွာဝေးစေလိုက်ပြီး......

အမြဲတမ်း ကျနော့်ကို ကျောမခိုင်းတတ်တဲ့သူက
ခုလည်း ကျနော့်ကိုပဲ အရင်သွားဖို့ စေခိုင်းပြန်တယ်.....

တခါလောက်တော့ ငါလည်း ထွက်သွားတဲ့
မင်းကျောပြင်ကို ကြည့်ပြီး နာကျင်ဖူးချင်တယ်.....Innie

"ဒီနေ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီးတော့
ငါပြောခဲ့တဲ့စကားကိုပဲ သေချာ စဉ်းစားပေးပါ.....
ငါ တောင်းဆိုတာပါ.....Innie"

"ကိုယ်က Hannie သာ......"

"မဟုတ်ဘူး.....Innie
မင်း အခုပြောဖို့ မလိုဘူး
စဉ်းစားပါဦး....."

"အင်းပါ......ကိုယ်က စဉ်းစားစရာမလိုဘူးလို့
ထင်ပေမဲ့ Hannie က စဉ်းစားဆိုတော့လည်း
ကိုယ် စဉ်းစားကြည့်ပါမယ်
ဒါမဲ့ Hannie.....ကိုယ်က အမြဲ ဘေးမှာ
ရှိနေပေးမှာ သိတယ်မလား"

"အင်း.....ငါ ဝင်ပြီနော်"

"စောစော အိပ်ဦး.....Hannie"

အဆင်မြင့်ကွန်ဒိုတိုက်ခန်းကြီးကို
ဝင်လိုက်ပြီဆိုတာနဲ့ စိတ်တွေက
မွန်းကြပ်လာတာ......

ကျနော် သူနဲ့ တွေ့ဖို့
အဆင့်သင့် မဖြစ်သေးဘူး......

သူပြောသမျှ ယုံပြီး
သူ့အမိန့်မှန်သမျှ ခေါင်းငြိမ့်ပေးဖို့
ခုချိန်မှာတော့ တကယ် အားမရှိသေးဘူး.......

12ထပ်မှာ တိခနဲ ရပ်သွားပြီဖြစ်တဲ့
ဓါတ်လှေကားထဲက ထွက်လာရတဲ့
ကျနော့် ခြေထောက်တွေက
လေးလေးကန်ကန်......

ဟူး.....တကယ် ပင်ပန်းတယ်

ခင်ဗျားရဲ့ အချစ်တွေက
ကျနော့်ကို ပင်ပန်းစေခဲ့ပြီ
နာကျင်စေခဲ့ပြီ......လူကြီး

•~ ENDLESS ~•Where stories live. Discover now