EP-1

108K 5.4K 395
                                    

ကျွန်တော့ နာမည်က ကြည်​နူး​နေနိုင်​ .. အထက်တန်းနောက်ဆုံးနှစ် အသက်က ၁၈ ..ကျွန်တော် လူမှန်း မ သိတတ်စအရွယ်ထဲက အဖေလို့ခေါ်ရမဲ့လူ မရှိခဲ့ဖူး ..အမေပဲရှိတယ်

အမေက အဖေနေရာရောအမေနေရာပါ  တာဝန်အပြည့်အ၀ ယူနိုင်ခဲ့တာကြောင့် ကျွန်တော့မှာ မရှိခဲ့တဲ့ အဖေကို အထူးတလည် မတောင်းတဖူးဘူး ... ကျွန်တော့မှာ အမေတစ်ယောက်ထဲရှိရုံနဲ့ ရပြီ .. ပြည့်စုံပြီ ..

ကျွန်တော်ငယ်ငယ်ထဲက မေမေက ရန်ကုန်မြို့က ကုမ္မဏီတစ်ခုမှာ လခစားဝန်ထမ်းဘ၀နဲ့ ကျွန်တော့ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တယ် .. ဘယ်ကမှန်းမသိတဲ့ အဖေ့ရဲ့ဆွေမျိုးတွေ အမွေကိစ္စနဲ့ ပတ်သက်ပြီး မဆက်သွယ်လာသေးတဲ့အချိန်ထိပေါ့ ... အဖေက ချမ်းသာတဲ့အသိုင်းအ၀ိုင်းက မဟုက်ပေမဲ့ အဘိုးနဲ့အဘွားဆုံးတော့ ဆွေမျိုးတွေက အမွေခွဲတာ .. မေမေက ပြင်ဦးလွင်မြို့က ခြံနဲ့အိမ် .. မြို့မဈေးကြီးထဲက ဆိုင်ခန်းတစ်ခန်းကို ပိုင်ဆိုင်ရခဲ့တယ် ..

အဲ့ဒီ့အမွေကိုအကြောင်းပြုပြီး မေမေက ကုမ္မဏီအလုပ်က ထွက်၊ ရန်ကုန်က တိုတ်ခန်းကျဉ်းလေးကို အငှားထားပြီး ရန်ကုန်ကနေ ပြင်ဦးလွင်မြို့ကို ကျွန်တော်နဲ့အမေ ပြောင်းလာခဲ့တယ်... စီးပွားရေးအမြင်ရှိတဲ့ မေမေက အမွေရထားတဲ့ဆိုင်ခန်းမှာ လက်လီလက်ကားအထည်ဆိုင်ကြီးကို ဖွင့်ပြီး စားဝတ်နေရေးအတွက် ဘ၀သစ်ကို စီမံတယ် .. သုံးလလောက်ဒီမြို့မှာ အခြေချပြီးတော့ အခုဆို ဖွင့်ထားတဲ့အထည်ဆိုင်သစ်မှာ ဖောက်သည်တွေရပြီး စီးပွားရေးလည်း အခြေကျနေပါပြီ ...

ကျောင်းတွေလည်း ဖွင့်တော့မှာမိုလို့ ကျွန်တော်လည်း နေရာသစ်မှာ သူငယ်ချင်းတွေ အသစ်နဲ့ ကျောင်းသစ်ကြီးကို တတ်ရတော့မယ် ...

သြော် .. ဒါနဲ့ ကြွားရဦးမယ် .. ကျွန်တော်အခုတတ်ရမဲ့ ကျောင်းသစ်အကြောင်းကို ....

မေမေက ကျွန်တော့ကို ပြင်ဦးလွင်မြို့ရဲ့ နာမည်အကြီးဆုံး... အောင်ချက်အမြင့်ဆုံး .. အကောင်းဆုံးသော Private School မှာ ထားဖို့ စီစဉ်ထားတယ် ..အဲ့ဒီကျောင်းကို တော်တန်ရုံလောက်နဲ့ မတတ်နိုင်ဖူး ... ၀င်ကြေးကြီးပြီး လစဉ်သွင်းရတဲ့ ကျောင်းလခကလည်း နင့်နေတာကြောင့် မြို့ထဲက အထက်တန်းလွှာ လူကုံတန်သားသမီးတွေသာ တတ်နိုင်တယ်...

Waking Love UPWhere stories live. Discover now