No Update / Arr_Sheng Notes

28.8K 2.7K 282
                                    

Update မဟုက်ပါဘူး.. Waking Love Up's  စာဖတ်သူတို့ရဲ့ အတွေးလေးတွေ အမေးလေးတွေ မရှင်းလင်းတာတွေကို ဒီက Arr_Sheng လေးက တရေးတယူ လေးလေးစားစား သေသေချာချာ ပြန်ဖြေရှင်းပေးတာပါ။

၁။ ဆူးရတီလင်း(ကွင်းမ) နဲ့ သီရိ နှစ်ယောက်ကို ကြည်နူးနေနိုင် လူမှားရတဲ့အကြောင်း

ရှေ့အပိုင်းတွေကို ပြန်ဖတ်ကြည့်ပါ။ EP-5 ကို သေချာ ပြန်ဖတ်ပေးပါ။ ကျွန်တော့်ရဲ့ အရေးအသားအားနည်းချက်ကြောင့် သေချာဖတ်မှ စာဖတ်သူတို့ နားလည်နိုင်သလောက်ရှိမှာပါ။ EP-5မှာ (သီရိ + ကြည်နူးနေနိုင်) (ကြည်နူးနေနိုင် + ဆူးရတီလင်း) ဒုတိယအကြိမ် ဆုံခဲ့တဲ့အကြောင်း ပါတယ်။ ပထမအကြိမ်တွေ့ဆုံမှု့က ကြည်နူး S1 အခန်းကို မှားရောက်သွားတဲ့ EP-1 ဖြစ်ပါတယ်။

ကြည်နူးနေနိုင်ရဲ့အကျင့်က ဘယ်အရာမဆို အလေးအနက်မရှိ။ အရိပ်အကဲနားမလည် စဉ်းစားဆင်ခြင်ဥာဏ် မရှိ။ တုံးအအ နဲ့ အူတူတူ ကြောင်တောင်တောင်။ အစားမက်တဲ့ မဟုက်မခံ စွာတာတာ ကောင်လေး။ သူစိတ်မ၀င်စားတဲ့အရာဆို ဘယ်တော့မှ အထူးတလည် မှတ်မှတ်ရရ မရှိဘူး။ ပေါ့ပျက်ပျက်ပဲ။

EP-5 မှာ ရတီရဲ့ စာအုပ်ကို သီရိက လူကြုံယူလာတယ်။ ရေခဲမုန့်ဆိုင်မှာ ရတီ့ရဲ့စာအုပ် ကျန်ခဲ့တာကို ကြည်နူးနေနိုင်က စာအုပ်ကျန်ခဲ့သူ သီရိကို လိုက်ပေးတယ်။ စာအုပ်မှာရေးထားတဲ့ နာမည်က ဆူးရတီလင်းဖြစ်တာကြောင့် ကြည်နူးက ကိုယ်စားစာအုပ်ယူလာပေးတဲ့သီရိကို စာအုပ်ပိုင်ရှင် ဆူးရတီလင်းလို့ပဲ ထင်မှတ်သွားတယ်။ ကြည်နူးနေနိုင်နဲ့ဆူးရတီလင်းရဲ့ EP-5 တွေ့ဆုံမှု့မှာ ကြည်နူးက ဆူးရတီလင်းကို ချက်ချင်း မမှတ်မိခဲ့ပါဘူး။ မှတ်မိတော့လည်း S1က သာမန်ကျောင်းသူအဖြစ်နဲ့ ထင်သွားတယ်။

EP-6 သီရိနဲ့မင်းမြတ်ရဲ့ အခြေအနေမှာ သီရိကို ကွင်းမ(ဆူးရတီလင်း)လို့ ထင်နေတဲ့ ကြည်နူးက မင်းမြတ်နဲ့အထင်လွဲပြီး သီရိကို အမြင်မကြည်ခဲ့ပါဘူး။ သီရိ တံမံတလင်းမှာ ချော်လဲတော့ ကြည်နူးက မကျေမလည် ဆက်ဆံခဲ့ပါတယ်။ EP-6 မှာ ဆူးရတီလင်း နဲ့ သီရိ နှစ်ယောက်က ကြည်နူးကြောင့် အနာတရဖြစ်ခဲ့တယ်။ EP-6 ရတုက ရတီ နဲ့ ပတ်သက်ပြီး ကြည်နူးကို လာရန်ရှာတဲ့အချိန်မှာ သီရိကို ဆူးရတီလင်း(ကွင်းမ)လို့ ထင်နေခဲ့တဲ့ ကြည်နူးက သီရိ Corridor မှာ ချော်လဲလို့ ရတုက ပြသနာလာရှာတယ်ပဲ ထင်သွားခဲ့တယ်။ အဲ့ဒါကြောင့်

Waking Love UPWhere stories live. Discover now