EP-42

31.9K 3.4K 822
                                    

တိုင်းနှင့်ပြည်နယ်ရေကူးအားကစားပွဲကို မန္တလေးမှာ ကျင်းပခဲ့သည်။ ပထမပွဲစဉ်ကို အောင်နိုင်ခြင်းဖြင့် ပြီးသွားသောကြောင့် မျိုးကိုဦး စိတ်လက်ပေါ့ပါးစွာ ခေါင်းရေစိုကို ပ၀ါဖြင့် သုတ်ရင်း လျှောက်လာခဲ့သည်။

အရှေ့မှာလာရပ်သော ခြေထောက်ပိုင်ရှင်ကို မော့ကြည့်လိုက်သည်။

""အကို!""

မဟာစံကျောင်းယူနီဖောင်းShirt အဖြူကို ဘောင်းဘီအပြင်ထုတ်ဝတ်လျှက် လည်တိုင်မှာ Necktie ကို ခပ်လျှော့လျှော့စီးထားသည်။ ဆံပင်ခပ်တိုတိုကို နားထင်မှာ ဘေးဒေါက် ရှည်ရှည်က သေသေသပ်သပ်။ ကြည်စင်သောမျက်နှာမှာ စိတ်လိုလက်ရ အပြုံးတစ်ခုက မြင်တွေ့ခဲ့ဖူးသော အတုအယောင် အပြုံးနှင့် ခြားနားစွာ။

""ကိုယ် .. မင်းကို နှောက်ယှက်ဖို့လာတာမဟုတ်ပါဘူး... အဲ့လောက်လန့်မသွားပါနဲ့""

သူ့အသွင်အပြင်က ကြည့်ကောင်းလွန်းလို့ ခဏမှင်သက်စွာ ငေးကြည့်နေမိသည်ကို သူက အဓိပ္ပာယ်ကောက်လွဲသွားသည့်ထင်။

ယောကျာ်းအချင်းချင်း အသိလွတ်အောင် ငေးကြည့်နေမိသည်ကို ၀န်မခံလိုစွာ သူပြောတာကိုပဲ ရယ်ပြလိုက်သည်။

""နောက်ဆုံးပွဲစဉ်အထိ တတ်လှမ်းနိုင်တာကို စိတ်ရင်းနဲ့ ၀မ်းသာပါတယ်""

""ကျေးဇူး""

မျိုးကိုဦးက မခိုးမခန့် ရှိန်တိန်တိန်ဖြစ်နေသည်။ အမှန်ဆို သူနဲ့ ကိုယ့်ကြားမှာ သူသာလျှင် ကိုယ့်ကို အနေရခတ်သင့်တာမဟုတ်လား။ သို့သော် လက်တွေ့မှာမူ သူက သက်သက်သာသာရှိသလောက် မျိုးကိုဦးမှာသာ ဘာကို စိုးရွံ့မိမှန်းမသိတာ။

""နောက်ဆုံးပွဲက လိုသေးတာပဲ။ ကိုယ့်ကို ခဏလောက် အချိန်ပေးမလား""

ခွင့်တောင်းတယ်မမည်သော အမိန့်ဟုမဆိုသာသည့် အာဏာစက်အောက်တွင် ကိုယ် ခေါင်းညိမ့်မိလိုက်သည်။

-----------

အပင်အောက်က ခုံတန်းလျှားမှာ သူဝင်ထိုင်တော့ ကိုယ်ပါ ၀င်ထိုင်လိုက်သည်။

""ကိုယ်မင်းကို တွေ့ကို တွေ့သင့်တယ်ထင်လို့ပါ""

""ပြင်ဦးလွင်မှာ မဟုတ်ပဲ မန္တလေးထိ ကျွန်တော့်ကိုတွေ့ဖို့ အရေးတကြီးရောက်လာတာ ဘာကိစ္စကြောင့်လဲ""

Waking Love UPWhere stories live. Discover now