EP-23

33.5K 4K 578
                                    

မင်းမြတ် ကားနောက်ခန်းထဲ လျှောက်လာသည်။ ကြည်နူး ၀မ်းသာအားရနှင့် ဘေးထိုင်ခုံတွင် ချထားသော လွယ်အိတ်ကို ဖယ်လိုက်သည်။ အလယ်မှာထိုင်နေသော အာရာရားက ဒူးချိတ်ထားလျှက် သူ့ဆီ တန်းတန်းမတ်မတ်လျှောက်လာနေသော မင်းမြတ်ကို ရုပ်တည်ကြီးဖြင့် စိုက်ကြည့်နေသည်။

''''အာရာရား ဖယ်လိုက်တော့လေ''''

ကြည်နူးက မြူးထူးနေသော အသံဖြင့် အားရာရားကို လော်ဆော်သည်။ အာရာရားအောင့်သီးအောင့်သက်ဖြင့် အလယ်ခုံမှာ ထိုင်နေရာမှ ထ ကာ အနောက်ကို ဆုတ်ပေးလိုက်သည်။ အခြားထိုင်ခုံမှာ သွားရောက်ထိုင်တာမျိုးမဟုက်။ အဲ့နားမှာပဲ မတ်တပ်ရပ် နေသည်။

ကြည်နူးခုံနား မင်းမြတ်ရောက်လာသည်။ ကြည်နူးဘေးခုံမှာ ထိုင်ရန် ပြင်လိုက်စဉ်

''''ဒီမှာလာထိုင်''''

ရတုက မင်းမြတ်ရဲ့လက်ကို ဖမ်းကိုင်ကာ ပြောသည်။

မင်းမြတ်ဘာမှမပြောရသေးခင် ရတုက ထိုင်နေရာမှ ထကာ မင်းမြတ်ကို တွန်းတိုတ်ပြီး ကြည်နူးအသင့်ပြင်ထားသော ထိုင်ခုံတွင် ၀င်ထိုင်သည်။ ကြည်နူးက သူ့ဘေးကို ရုတ်ချည်းရောက်လာသော ရတုကို တအံ့တသြကြည့်နေသည်။

မင်းမြတ်က နေရာမှာပင် ရပ်နေမြဲဖြစ်ကာ ရတုကို ကြည့်နေသည်။ ရတုက မင်းမြတ်နှင့်ကြည်နူး Reaction ကို ဂရုမစိုက် ထိုင်ခုံတွင် နောက်မှီကာ အေးအေးဆေးဆေး သက်သက်သာသာ မျက်လုံးမှိတ်ထားသည်။

''''အချစ်..... ''''

အာရာရားက ယဉ်ပါးနေသော နှုတ်ကို သတိထားမိချိန် အမြန်ဘရိတ်အုပ်လိုက်ပေမဲ့ အချစ်ဟူသော နာမ်စားလေးက လွန်ထွက်သွားသည်။ အောက်နှုတ်ခမ်းလေးကို ခပ်နာနာ တစ်ချက်ဖိကိုက်ပြီး

''''တစ်လမ်းလုံး မတ်တပ်ရပ် လိုက်တော့မှာလား ... ''''

အာရာရားစကားကြောင့် ရတုဖယ်ပေးသော ဆူးရဲ့ဘေးနေရာသို့ မင်းမြတ် ဦးတည်ရပ်လိုက်ပြီး ဆူးကို ကြည့်ကာ

''''ဆူး .. ငါကားမူးတတ်လို့ မှန် ပြတင်းအနားမှာ ထိုင်လို့ရမလား''''

''''ရတာပေါ့ မောင် ... လာထိုင်''''

ဆူးက သွက်သွက်လက်လက် နေရာပြောင်းပေးသည်။ ကျောမှာပိုးထားသော ကျောပိုးအိတ်ကို အပေါ်လက်တန်းပေါ် နေရာချပြီး ရတီရဲ့ဘေးခုံ မှန်ပြတင်းနားတွင် မင်းမြတ်ဝင်ထိုင်သည်။ လည်ပင်းမှာချိတ်ထားသော နားကြပ်လေးကို နားမှာပြန်တပ်ကာ မျက်စိအစုံမှိတ်ချလိုက်သည်။

Waking Love UPWhere stories live. Discover now