EP-41

31.9K 3.4K 641
                                    

ညစာထမင်းဝိုင်းမှာ ဖြစ်သည်။

""ဖေဖေနဲ့မေမေ သား မနက်ဖြန်အစော မန်းလေးကို သွားရမယ်""

""ဟုတ်ပြီ...သားမင်းမြတ်။ တိုင်းနှင့်ပြည်နယ်အဆင့် ရေကူးပြိုင်ပွဲမှာ သားသတင်းကောင်းကို အဖေစောင့်နေမယ်""

အဖေက ခပ်ပြုံးပြုံးဖြင့် မင်းမြတ်ကို ပြောသည်။

""သားရေကူးပြိုင်ပွဲအတွက် မဟုတ်ပါဘူး အဖေ""

""ဘာ!""

အဖေနှင့်အမေအကြည့်တို့ မင်းမြတ်ပေါ် စုံပြုံလာပြီမှန်းသိပေမဲ့ မင်းမြတ်အသားတုံးကို ဇွန်းဖြင့် အဖဲ့မပျက်။

""Debate အတွက်လေ... အဖေမမှတ်မိဘူးလား""

""မင်း တစ်ခါမှ အဲ့ဒီ့အကြောင်း မပြောဖူးပါဘူး။ မင်းရေကူးပြိုင်မယ်လို့ပဲ ငါတို့သိထားတာ""

အသားဖက်ကို ၀ါးရင်း မင်းမြတ်မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားသည်။ ခေါင်းတစ်ချက်စောင်းလျှက်

""အမေတို့သိတယ်ပဲထင်နေတာ။ အမေတို့ပဲ မမှတ်မိတာလား၊ သားပဲ မပြောမိတာလား""

မရေမရာ၊မဝေခွဲတတ်ဟန်ဖြင့် မင်းမြတ်ထမင်းကို ပြန်ငုံ့စားသည်။

အဖေက လက်ထဲမှ ဇွန်းခရင်းကို ချလိုက်တာကို မင်းမြတ်မျက်လုံးထောင့်မှ တွေ့လိုက်သည်။

ပျားအုံကို တုတ်နဲ့ထိုးမိလို့ မျက်ခုံးလှုပ်မိပေမဲ့ ဟန်ကိုယ်ဖို့ မသိသလို နေလိုက်သည်။

""ငါမင်းကို ရေကူးပြိုင်ဖို့အတွက်ပဲ ပြောခဲ့တာပါ""

""သား Debate အတွက် ပြောခဲ့ပါတယ်""

""ခေါင်းမော့လိုက် မင်းမြတ်... ငါ့မျက်လုံးကိုတည့်တည့်ကြည့်ပြီး ပြောစမ်း""

မင်းမြတ်ဝါးနေတဲ့ထမင်းကို ပါးစောင်တစ်ဖက်သို့ ပို့ပြီး အဖေ့နှင့် အကြည်ချင်းဆုံလိုက်သည်။

ဦးကောင်းစံမျက်နှာက တည်လွန်းသလို မင်းမြတ်မျက်နှာကလည်း တုန်လှုပ်မှု့မရှိ။

ဦးကောင်းစံက သားဖြစ်သူမင်းမြတ်ကို အတန်ကြာစိုက်ကြည့်အကဲခတ်ပြီးမှ

Waking Love UPWhere stories live. Discover now