EP-33

32K 3.5K 1K
                                    

နားနေခန်းမှာ Practice လုပ်နေသော ကောင်လေးကို အခန်းအပြင်မှာ မင်းမြတ်ချောင်းကြည့်နေသည်။ 

""သူတော်တာပဲ""

မြို့နယ်တစ်ခွင်သန့်ရှင်းစင်ကြယ်ရေးခေါင်းစဉ်အောက်တွင် အထက်​တန်း​ပထမနှစ် ​ကျောင်းသားတို့က Presentations လုပ်ရမည်ဖြစ်သည်။ မင်းမြတ်ခိုးနားထောင်မိသလောက် ဒီကောင်လေးရဲ့ Project က ပြည့်စုံလွန်းသည်။ 

ငါ .. ငါ .. မနိုင်ရင်ဘယ်လိုလုပ်မလဲ။

မင်းမြတ် လက်သည်းတုံးတိတိတို့ကို တစ်စက်စက်ကိုက်ခဲလျှက် ကြောက်ရွံ့လာသည်။

မင်းမြတ်ကို မရွေးပဲ အဲ့တစ်ယောက်ကို ရွေးသွားရင် ... မင်းမြတ်ကြိုးစားပြီး စိတ်တိုင်းကျ ဖန်တီးထားသော Projectဖြစ်သည်။ ထိုတစ်ယောက် Practiceလေ့ကျင့်တာကို မင်းမြတ်သာ ဖြတ်သွားဖြတ်လာ မတော်တဆမကြားမိလျှင် မင်းမြတ်အခုလို စိတ်ရှုပ်ထွေးမိမှာမဟုက်။ အခုမင်းမြတ်ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိ။ အကယ်၍များ စိတ်က မင်းမြတ်ရဲ့ယုံကြည်ချက်တို့ကို တတိတိကိုက်ခဲဖြတ်တောတ်နေသည်။

ငါ မနိုင်လို့မဖြစ်ဘူး။ သေချာပေါက် ငါနိုင်မှ ရမှာ။ ငါ့အမေ သိက္ခာကျလိမ့်မယ်။ ဒါပေမဲ့ ငါလုပ်နိုင်ပါ့မလား။

မင်းမြတ်ဒူးယိုင်လဲကျသွားသည်။ နံရံကို ကျောမှီကာ မင်းမြတ်စိတ်ကိုတည်ငြိမ်အောင် ကြိုးစားသည်။

ဒီလိုစိတ်လှုပ်ရှားမှု့မျိုး၊ ဖိအားပေးမှု့ကြောင့် မင်းမြတ် Presentations လုပ်ဖို့မပြောနဲ့။ မတ်တပ်ရပ်နိုင်ဖို့ ပင် မလွယ်ကူ။

မင်းမြတ်ရှေ့တွင် လာရပ်သော ခြေထောက်တစ်စုံ။ မင်းမြတ်တဖြည်းဖြည်းမော့ကြည့်လာသည်။

""ဒီပါ""

ရတုရဲ့လက်ကိုအားယူဖမ်းကိုင်ပြီး မတ်တပ်ထရပ်ရန် ကြိုးစားသော်လည်း မင်းမြတ်ရဲ့ကမ်းလာသော လက်ကို ရတုက ရှောင်သည်။

""ဒီမှာ ဘာလုပ်နေတာလဲ""

""​ပြောပြီးသားပဲ။ ငါ Presentations လုပ်ဖို့ရှိတယ်လို့""

""သြော် .. အဲ့ဒါ ဒါလား""

""မင်းရော""

""ငါ့ပါပါးကြီးနဲ့အတူလိုက်လာတာ။ ဒီမှာ ပါးပါးကြီးက အလုပ်ရှိလို့""

Waking Love UPWhere stories live. Discover now