EP-49

27.2K 3.3K 992
                                    

စားဖို့အသင့်နယ်ဖက်ပြီး ဆီချက်ခေါက်ဆွဲပန်းကန်ကို မင်းမြတ်က ကြည်နူးရှေ့ချပေးသည်။

မင်းမြတ်အခုရက်ပိုင်းထဲ ထူးဆန်းနေသည်။ မနေ့က စပြီး ထူးဆန်းတာလို့ ပြောရင် ကြည်နူးက အရိပ်အကဲတအားသိသူလို့ ချီးကျူးခံရလိမ့်မည်။ ကြည်နူးရိပ်မိတာလည်းမပြောနဲ့။ မင်းမြတ်က သိသိသာသာ တမနက်ခင်းမှာပဲ ပြောင်းလဲလွန်းတာကိုး...

အရင်နေ့များလို မင်းမြတ်မျက်နှာကို ကြည့်ရတာ ပေါ့ပါးမနေ။ အကြည့်များက နွေးထွေးမှု့မရှိ။ အသက်မဲ့လွန်းသည်။ မင်းမြတ်မှာ စိတ်ညစ်စရာတစ်ခုခုရှိနေသည်။ သို့သော် ထုတ်မပြ။ ပျော်ချင်ယောင်ဆောင်နေသည်။ သူ့စိတ်ထဲမွန်းကြပ်သမျှကို ရယ်ရင်းနှင့်သာ ဖြေသိမ့်နေသည်။

ကြည်နူးမသိအောင် ကြည်နူးကို တစ်ချိန်လုံး ကြည့်နေသည်။ ကြည်နူးကို ကြည့်သော မင်းမြတ်အကြည့်တွေမှာ ၀မ်းနည်းမှု့တွေကို ခံစားနေရသည်။စာသင်ချိန်မှာ အာရုံစိုက်တတ်သော မင်းမြတ်က မနေ့ကတစ်နေ့လုံး ကြည်နူးကိုပဲ ကြည့်နေသည်။ ကြည်နူးလှည့်ကြည့်တိုင်း မင်းမြတ်ကမသိသလို အရင်အကြည့်လွှဲသွားသည်။

ကြည်နူးသိမှာ မလိုလားသော မင်းမြတ်ကို ကြည်နူးပေါ်တင် ပြန်မကြည့်တော့။ အနောက်ကမင်းမြတ်ကို ဖုန်းမှန်ထောင်လျှက် မသိမသာ ကြည်နူးပြန်ကြည့်လိုက်သည်။ တစ်ချိန်လုံး ကြည်နူးကို စိုက်ကြည့်နေသော မင်းမြတ်က ပြောင်နေသော ဖုန်းမှန်မှာ အရိပ်လာထင်သည်။

ကြည်နူးမသိအောင် ကြည်နူးကို တစ်ချိန်လုံးစိုက်ကြည့်နေသော မင်းမြတ်က ကြည်နူးကို ရှောင်နေသည်။ မင်းမြတ်အနားကို ကြည်နူးလာလျှင် စာကုန်းလုပ်တာမျိုး၊ မအားချင်ယောင်ဆောင်နေတာမျိုး။ ကြည်နူးကို မဖက်မလုပ်။

မနေ့က နေ့လည်နားချိန် .... မင်းမြတ်က ပြတင်းပေါက်ကို ငေးကြည့်နေရင်း လက်က ခဲတံချွန်သည့်ဓားသွားပေါ် ပွတ်သက် ကစားနေသည်။ စိတ်နဲ့ကိုယ် ကပ်လား မကပ်လား ဓါးသွားက လက်ကို ရှပြီး သွေးထွက်နေတာကိုပင် မင်းမြတ်မသိ။ အဝေးကို ငေးနေသည်။

နှစ်ယောက်ဆုံချိန်မှာ မင်းမြတ်က ဘေးမှာ တွယ်ကပ်နေသော ကြည်နူးကိုမှ အားမနာ။ တစ်ယောက်ထဲ ငူငူငိုင်ငိုင် စဉ်းစားနေသည်။ အတွေးတွေများနေသည်။

Waking Love UPWhere stories live. Discover now