EP-5

42.7K 3.9K 342
                                    

Canteenတွင် ထမင်းစားရန် ကျောင်းသားကျောင်းသူများ အလှည့်ကျ တန်းစီနေကြသည် .. အချိန်​​စော​သေးတာ​ကြောင့်​ လူ​တော့သိပ်​မများ.. ဒီကျောင်းကနေ့လည်စာထမင်းပါ ကျွေးသည် .. အများနှင့်ဖြစ်တာကြောင့် ဟင်းကတော့ မကောင်းတလီမကောင်းတလှည့်ပေါ့ .. ဆန်ချောမဟုက်ပေမဲ့ စားလို့တော့ရသည်. ​ကျောင်းမှာ Canteen၂ခုရှိသည်​ .. အခ​ကြေး​ငွေနဲ့အခမဲ့​ပေါ့... အနံကြီးကွင်းကျယ်တွေကတော့ ကျောင်းထဲက ပိုက်ဆံနဲ့ပေးဝယ်စားရတဲ့ ဆိုင်မှာ သပ်သပ်ရပ်ရပ်လှလှပပ စားသည် . အလကားးးး အဲ့တာ သက်သက်မဲ့ ပိုက်ဆံဖြုန်းတာ ... ကျောင်းစရိတ်နဲ့တင် နင့်နေတာကို စားစရိတ်အတွက်ပါ မိဘတွေကို မညှာတာ ....

သူတို့အခကြေးငွေနဲ့Canteenက ကြည်နူးတို့ အခမဲ့Canteen ရဲ့ဘေးမှာဖြစ်သည် . .. ကြည်နူးကတော့ စားချိန်​​သောက်​ချိန်​ဖြစ်​တာ​ကြောင့်​ အဲ့ဖက်ကို လှည့်လဲမကြည့်သလို စိတ်​လဲမဝင်​စား ကိုယ်လုပ်စရာရှိတာပဲလုပ်သည် ..

ဒီနေ့. Board မှာရေးထားတာက ငါးပိသုတ်နဲ့ ကြက်သားဆီပြန်ဟင်း .. ဒါပေမဲ့ ဆီဗောလွေှာရာ ​ရေနိုင်နိုင်ဖြင့် ကြက်​သားကို ပြုတ်လုံးထားတာကြောင့် ကြည်နူးကတော့ ကြက်သားရေလုံပြုတ်လို့ပဲ ခေါ်သည်. .

.ကြည်နူးလုံးဝမကြိုက်တဲ့ ဟင်းကျွေးတဲ့နေ့ အိမ်မှာဟင်းကောင်းတဲ့နေ့မှ ထမင်းဗူးယူသည် .. အစားအစာနဲ့ပတ်သက်ရင်ေ​တာ့ ကြည်နူးဂျီမများတတ် ကြည်​နူးမကြိုက်​တာမစားတာ မရှိသ​လောက်​ရှားသည်​ .. တွေ့ရာ စားလို့ရတာမှန်သမျှ အကုန်စားသည် .. အစားစားရတော့မည်ဆို ပျော်သည် .. ခုချိန် ပတ်ဝန်းကျင်ကိုလည်း ကြည်နူး အထူးအထွေဂရုစိုက်နေမည်မဟုက် ... သူ့စိတ်ထဲရှိတာ ဟင်းတုံးကောင်းကောင်းရရန်ပဲ .....

ဒီနေ့ဟင်းထည့်ပေးဖို့တာဝန်ကျတာက ၀န်းထမ်းအသစ်လားမသိဖူးးး

ကောင်မလေးငယ်ငယ်လေးးးတစ်ယောက်ဖြစ်သည် ... 

အရင်နေ့တွေက အဒေါ်ကြီးတွေကိုမတွေ့ပါ့လားး ....😥 ကြည်နူးက ဟင်းထည့်ပေးသည့် အဒေါ်ကြီးတွေကို မျက်နှာချိုချို အသံချိုချိုလေးနှင့် ချွဲနွဲ့ကာ ဟင်းပိုတောင်းနေကျဖြစ်သည် ... 😁

Waking Love UPWhere stories live. Discover now