EP-6

38.3K 4.3K 189
                                    

""အေ့""

ကြက်သွန်ဖြူစားထားတာကြောင့် လေတတ်လိုက်တော့ မိုဇာကို စိုက်ကြည့်နေရာမှ ကြည်နူး စိတ်ပျက်ပျက်နှင့် မျက်နှာလွှဲလိုက်သည် ..

ဒါလား ..... မိန်းကလေးးးး

မိုဇာက ထိုင်ခုံမှာ ပြန်ဝင်ထိုင်ပြီးးး

""တကယ်လားး မောင်မောင်လေး .. ဒါမျိုးကမနောက်ကောင်းဖူးနော်""

""တကယ်ပြောတာ ..""

မျက်နှာရှုံ့မဲ့ပြီး ခပ်အေးအေး ပြောလာသည့် ကြည်နူးကို မိုဇာသေချာအကဲခတ်နေသည် ..

ဒီကောင်လေးကို မိုဇာယုံသည် ..ဘယ်လောက်ပဲ လိုင်းသွင်းနေပါစေ ဇွတ်ကျားပြနေသော ဒီကောင်လေးက ယောကျာ်းတစ်ယောက်ကို ချစ်မိပါတယ်လို့ ၀န်ခံတာက ပေါ့ပျက်ပျက်တော့မဟုက် ...

""ဘယ်သူလဲ ဘယ်ကလဲ သန့်ရောသန့်ရဲ့လား သေချာရောစစ်ရဲ့လားး ဘယ်အဆင့်ထိရောက်ပြီးပြီလဲ""

မျက်နှာလွှဲထားသော ကြည်နူးရဲ့လက်ကို အတင်းကိုင်ကာမေးတော့ ..

""အတိအကျတော့ မပြောနိုင်သေးဖူးး .. ဒါပေမဲ့ မဟာစံ S1အခန်းက""

""Oh My God! မောင်မောင်လေးက တော်တော်လူရွေးတတ်တာပဲ .. တစ်မြို့လုံးတစ်ကျောင်းလုံးက Special Top1 အခန်းထဲကမှ ရွေးကြိုက်တာလား""

""အော် ... မမရယ် ... ကျွန်တော်က S1မှ ရွေးကြိုက်တာတော့ ဟုက်မတဲ့လားး ကျွန်တော်ကြိုက်မိတာက S1ကဖြစ်နေတာတော့ မတတ်နိုင်ဖူး""

""အမယ်လေးးဟယ် .. စာတွေတတ်နေလိုက်တာ .. အဲ့တော့ ခု... နှစ်ယောက်က ဘယ်အဆင့်ထိရှိနေပြီလဲ .. လက်ကိုင်တဲ့အဆင့်လား နဖူးလား နှုတ်ခမ်းလားးး ဒါမှမဟုက် ဒီ့ထက်နက်နက်နဲနဲ .. ""

ဖူး!

ကြည်နူးသောက်နေသည့် ရေနွေး သီးသွားသည် ..

အော် မြင်တာနဲ့ ရှက်လို့ ပတ်ရှောင်နေရတဲ့အဆင့်ကို ....

""Eye Contactတောင် မဖြစ်သေးဖူး .. သူ့ကိုစေ့စေ့ကြည့်ဖို့နေနေသာသာ အနားမှာ သူရှိနေပါ့လားအတွေးနဲ့ ရင်ထဲလှပ်ခနဲ လှပ်ခနဲ ...သူနဲ့အကြည့်ချင်းဆုံဖို့မပြောနဲ့ သူ့ကျောပြင်ကို ငေးကြည့်နေရတာနဲ့တင် ရင်တထိတ်ထိတ်ခုန်နေတာ""

Waking Love UPWhere stories live. Discover now