EP-50

28.1K 3K 740
                                    

""ကိုကို .. ခဏ .. ခဏလေးးး""

ပြေးနေရင်းမှ ကြည်နူးဟန့်တားလိုက်သည်။ မင်းမြတ်က အနောက်ကို ကြည့်လျှက်

""ဟူးးးးး တော်သေးတယ် .. လိုက်မလာလို့""

အခုမှ မင်းမြတ်လည်း အတော်မောနေဟန် ခါးကိုင်းလျှက် အသက်ကို မနည်းရှုထုတ်နေသည်။
ကြည်နူးက မင်းမြတ်ဖြစ်ပုံကိုကြည့်ကာ မောနေသည်။

ခဏကြာ အမောဖြေပြီးမှ

""ဘီဘီ မောလို့လား .. ဘာလုပ်ချင်လို့လဲ""

""ကိုကို ... ပုံရိုက်ရအောင်""

""ပုံ .. ဘာပုံလဲ ""

""ဟိုမှာလေ""

ကြည်နူးမေးငေါ့ပြရာကို မင်းမြတ်ကြည့်လိုက်သည်။

အပျော်တမ်းဝတ်စုံတွေ ၀တ်ပြီး ရိုက်လို့ရသည့် အလှဓာက်ပုံဆိုင် ...

--------

""ကိုကိုက ဒါဝတ်""

မင်းမြတ်ကို ကြည်နူးထိုးပေးလာသည်က ကားထွက်နေသော မိန်းမ၀တ် ဂါဝန်ရှည်အနီရောင် အကြီးကြီး

""ဟာ .. ဘီဘီကလည်း""

မင်းမြတ်အပြတ်ငြင်းရန်ပြင်စဉ် သူ့ကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြင့် တောင်းဆိုနေသော မျက်ဝန်းကြည်လေးများနှင့် ကြည်နူးကလေးးးး

""ဟို .. အခြား ယောကျာ်းဝတ်စုံရွေးလို့မရဘူးလား ဘီဘီ""

ကြည်နူးက လက်ညှိုးကို ခါရမ်းလျှက် ခေါင်းခါပြသည်။

ကိုကိုဒါတွေကို သဘောကျတယ်မလား။ ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး နေနေတဲ့ ကိုကို့အတွက် ဘယ်လောက် စိတ်ပင်ပန်းလိုက်မလဲ။ တစ်ခါလောက်တော့ ကိုကို ၀တ်ချင်တာတွေ ၀တ်စေပြီး ကိုကိုကို လွတ်လပ်စေချင်တယ်။ ကိုကိုက ဒီလိုဝတ်စုံတွေ ၀တ်လည်း ကိုကိုပဲမိုလို့ ဘေဘီ ချစ်တယ်။ Videoထဲမှာ မိန်းကလေးဝတ်စုံနဲ့ ကိုကိုက အရမ်းလှတယ်။ ကိုကို့ရဲ့ ရှားရှားပါးပါး အလှတစ်ခုကို ကောင်ရှင်းက မြင်တွေ့ခွင့်ရလို့ အမြဲ မနာလိုဖြစ်ခဲ့တာ။ ကိုကိုကို အဲ့လို တစ်ခါလောက်တော့ လက်တွေ့ မြင်ချင်ပေမဲ့ နောက်ဆို မသေချာတော့ဘူးလေ ကိုကို။ ဘေဘီအတွက်ပဲဖြစ်ဖြစ် ဒါတွေကို တစ်ခါလောက် ၀တ်ပြပေးပါ။

Waking Love UPWhere stories live. Discover now