EP-10

44.6K 4.1K 593
                                    

သန့်စင်ခန်းက မှန်ရှေ့မှာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကြည့်ပြီး ကျောင်းယူနီဖောင်းအပေါ်ဝတ်ကုတ်မှ အိတ်ကပ်လေးထဲတွင်  အသင့်ပါလာသော နှုတ်ခမ်းနီနှင့်အိတ်ဆောင်မှန်သေးလေးကို ထုတ်ပြီး နှုတ်ခမ်းအရောင်ပြန်တင်လိုက်သည် .. ကိုယ့်ရူပါကို အပြည့်အ၀စိတ်တိုင်းကျတော့မှ အပြင်ကို ထွက်ခဲ့သည် ..

အခန်းကိုသွားသည့် ထောင့်ချိုးနေရာတွင် လက်ကိုပိုက် နံရံကို ခြေထောက်တစ်ဖက်နောက်ပြန်ထောက် ခန္ဓာကိုယ်ကို စတိုင်ပါပါ မှီထားပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသော မင်းမြတ် ... 

ခြေလှမ်းတို့ကို အရှိန်လျှော့ပြီး ဆံစလေးကို နားရွက်ဖျားမှာ သပ်ကာ မင်းမြတ်ရှေ့မှ ဖြတ်လျှောက်သွားတော့

""ဆူး""

ခေါ်သံနှင့်အတူ ဆူးရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲတားသည့် မင်းမြတ် .. မထင်မှတ်ထားတာကြောင့် ဆူးတစ်ကိုယ်လုံးတောင့်တင်းသွားပြီး မင်းမြတ်ရဲ့ လက်ထဲတွင် ဆူးက အလိုက်သင့်ပါသွားသည် .. မင်းမြတ်က ဆူးရဲ့ပခုံးနှစ်ဖက်ကို အနောက်မှ ဆုပ်ကိုင်ထိန်းချူပ်လျှက် ပြတင်းမှန်ရှေ့တွင် ဆူးကိုယ်လုံးလေးကို လှည့်လိုက်သည် .. ပြတင်းမှန်ထဲတွင် ကျောက်ရုပ်လို မတ်မတ်လေးဖြစ်နေသောဆူးရဲ့ပခုံးကိုဆုပ်ကိုင်ကာ ဆူးနှင့်အရပ်ညီတူဖြစ်အောင် ဆူးရဲ့အနောက်မှမင်းမြတ်က ခါးကိုကိုင်းထားသည့် ပုံရိပ်က ထင်ဟပ်နေသည် ..

""မှန်တစ်ချပ်လို ကျင့်သုံးပါ ဆူး ...""

ဆူးရဲ့နားရွက်ဖျားနားလေးကို တိုးကပ်ပြီး ကြားသာအောင် လေသံတိုးတိုးလေးနှင့် မင်းမြတ်ပြောတော့  ဆူးက လက်ရှိအခြေအနေနှင့် မင်းမြတ်ဆိုလိုသည့် အကြောင်းတရားကို နားမလည်စွာ မှန်ပြတင်းက သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကိုပဲ စိုက်ကြည့်နေသည် ..

""တစ်ဖက်က ပြုံးပြရင် ပြန်ပြုံးပြလိုက်ဖို့ တော်တော်ပင်ပန်းသလား..""

အဲ့ဒီ့အချိန်ထိ ဆူးနားမလည်နိုင်သေးး

""ကိုယ့်အတွက် မခတ်ခဲတဲ့အရာကို သူများကို မျှဝေကူညီပေးဖို့ အရမ်းပင်ပန်းသလား""

Waking Love UPWhere stories live. Discover now