EP-45

33.1K 3.6K 856
                                    

""သူတို့နှစ်ယောက်ကို ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေတော့မှာလား .. ရတု""

ခေါင်းမိုးထပ်အထိ ကပ်ပါလာပြီး မဆွေးနွေးချင်သော အကြောင်းအရာကို ဦးတည်နေသော အာရာရား။

""စဉ်းစားနေတယ် .. စဉ်းစားနေတယ် ... ငါလည်း စဉ်းစားနေတယ်""

""အေး .. အေး .. အခုထိ စဉ်းစားလို့ကောင်းနေတုန်း။ ဟိုက မိန်းမသာဆို ဗိုက်ကြီးနေလောက်ပြီ""

""အာရာရား ... မင်းပါးစပ်မှာ သိက္ခာမရှိဘူးလား။ အရင်က အဲ့လောက်မင်းအပြောမဆိုးပါဘူး""

""ဟုတ်တယ် .. ကြည်နူးနေနိုင်နဲ့ပေါင်းပြီး အခုလို ပျက်စီးခြင်းတွေထဲ စိုက်စိုက်မြိုက်မြိုက်ကြီးကို ကျရောက်သွားတော့တာပဲ""

တံမံတလင်းပေါ် ရတု ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

""ငါလည်း မင်းလို ပေါ့ပေါ့ပါးပါးပဲ ချစ်ချင်လိုက်တာ...""

""တို့ပုံက ပေါ့ပေါ့ပါးပါးဖြစ်နေလို့လား""

အာရာရားလည်း ရတုဘေးမှာ ဆောင့်ကြောင့်လေး ၀င်ထိုင်ရှာသည်။

""ငါ့ထက်မင်းက အခြေအနေကောင်းပုံပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေထဲကလေ.. ငါမသိလို့မေးပါဦးမယ်။ မင်းမင်းမြတ်ကိုတကယ်ရော ချစ်ရဲ့လား။ မင်းကြည့်ရတာ အေးတိအေးစက်နဲ့""

အာရာရားက အပြုံးယဲ့ယဲ့လေးနှင့်

""အချစ်ဆိုတာ ရုပ်နဲ့နာမ်အတိအကျမရှိတာကြောင့် ဒါလင်နဲ့ပတ်သက်ပြီး အချစ်လို့ မသေချာမရေရာ ခေါင်းစဉ်မတပ်ချင်ဘူး။ ဒီအတိုင်းလေးပဲ.. သူ့ကိုတွေ့ရင် ပျော်တယ်။ သူ့အပြုအမူတွေ ... စာရွက်လှန်လိုက်တာကအစ စာအုပ်ပိတ်လိုက်တာအဆုံး ငေးကြည့်နေရရုံနဲ့ ပီတိဖြစ်တယ်။ သူ့အကြောင်းကြားလိုက်တာနဲ့ ဒီရင်ထဲက ဆစ်ခနဲ။ သူ့အကြောင်းတွေးလိုက်ရင် မျက်ရည်တွေဝိုင်းလာတဲ့အထိ ပြုံးမိတယ်"" 

အင်္ကျီရင်ဖက်စကို ခပ်ဖွဖွဆုပ်ကိုင်လျှက် အဝေးတစ်နေရာကို ငေးကြည့်ရင်း အာရာရား ခပ်ဆွေးဆွေးပြောရှာသည်။

(ကြမ်းတမ်းသော စကားအသုံးအနှုန်းများအတွက် အထူးတောင်းပန်ပါတယ်)

Waking Love UPWhere stories live. Discover now