Final Episode

71.9K 5.6K 2K
                                    

""ကောင်ရှင်း""

ကြည်နူးခေါ်တော့ ရတုက နောက်လှည့်ကြည့်လာသည်။

ထို့နောက် ရတုက ခပ်ဖျော့ဖျော့ပြုံးလျှက်

""ဒီအုတ်ခုံလေးကို မှတ်မိသေးလား ကြောင်ပေါက်။  မင်းငါ့ကို ပထမဆုံးနဲ့နောက်ဆုံး ဂစ်တာသင်ပေးခဲ့တာ ဒီနေရာမှာလေ""

ရတုက ကြည်နူးကို ကျောင်းထဲမှာ တွေ့ရန် ချိန်းတာကြောင့် ကြည်နူးရောက်သွားသည်။

ကြည်နူးက ရတုပြောတာကို သဘောပေါက်စွာ ခေါင်းညိမ့်ပြုံးပြပြီး ရတုဘေးမှာ ၀င်ထိုင်သည်။

""မှတ်မိတာပေါ့... အဲ့တုန်းက မင်းအုတ်ခုံပေါ်က တွန်းချလို့ ငါတင်ပါးရိုး သုံးရက်လောက် နာသွားတယ်""

ရယ်လျှက် ကြည်နူးက ပြန်ပြောသည်။

ရတုက ကြည်နူးပခုံးပေါ်မေးတင်ပြီး ကြည်နူးရဲ့ ကိုယ်သင်းရနံ့ကို ရှိုက်ယူသည်။ တွန့်ခနဲဖြစ်သွားပြီး ကြည်နူးကို ရတုလွှတ်မပေးပဲ ကြည်နူးကိုယ်ကိုဖက်လျှက် ပခုံးပေါ် မေးတင်ထားမြဲ။

""ဒီအနံ့လေး ... ငါအရမ်းကြိုက်တယ်။ ဆိုင်တွေရောက်တိုင်း မင်းပြောတဲ့babi mild ပေါင်ဒါကို ငါ မှတ်မှတ်ရရ ရှာဝယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းဆီက ရတဲ့ ဒီအနံ့ကို ငါမတွေ့ခဲ့ဘူး။ ကြည့်ရတာ ဘယ်ပေါင်ဒါ၊ ဘယ်brandedရေမွှေးမှ မယှဉ်နိုင်တဲ့ မင်းကိုယ်သင်းနံ့သက်သက်ပဲဖြစ်မယ်""

ကြည်နူးက ဆိတ်ဆိတ်နေလျှက် ရတုစကားတို့ကို နားထောင်ပေးသည်။

""ငါလေ ...  ရေခဲမုန့်ကို မြင်ရင် စတိုးဆိုင်လူမြင်ကွင်းမှာ ငါ့ကို ပုံမကျပန်းမကျ ကပြခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့အတူ ko ko bop သီချင်းကိုပါ အမှတ်ရနေမှာ။ အုန်းပင်တွေ့တိုင်း ထိပ်ကဆံပင်ကို ထောင်ထောင်လေး စည်းတတ်တဲ့ သနပ်ခါးအကြွင်းအကျန်နဲ့ ကောင်လေးရဲ့ ၀င်းမွတ်နေတဲ့ ပါးမို့လေးကို ငါမြင်ယောင်နေမှာ။ နို့ဗူးစုပ်နေရင်း စာရေးခုံပေါ် ခြေထောက်နှစ်ချောင်း ပစ်တင်ထားတဲ့ ကောင်လေး။ public areas ရောက်ဖြစ်ရင် ထိုင်ခုံနေရာ ဖယ်ပေးရမှာ ကြောက်တဲ့ ကောင်လေးတစ်ယောက်၊ င့ါကို သားချော့တေးနဲ့ ချော့သိပ်ခဲ့တဲ့ အဲ့ကောင်လေးရဲ့ ကောင်းမှု့ကြောင့် မှတ်တိုင်အဆုံးထိ ကားပေါ်မှာ အိပ်ပျော်ရင်းပါသွားတဲ့ငါ၊ ချီးပေနေတဲ့ ကောင်လေးတစ်ယောက် အနောက်က ပြေးလိုက်လာလို့ နေပူပူထဲမှာ ကျောင်းကွင်းကို ဆယ်ခါမနည်း ပတ်ပြေးခဲ့ရတဲ့ ငါ့အဖြစ်ကို မေ့နိုင်မှာမဟုတ်ဘူး။ အကျဉ်းကျခဲ့တာတောင် ပြန်မထွက်ချင်တဲ့ ငါ။ နောက်များမှာ Promotion ကဒ်ရလာရင် ငါဘယ်သူနဲ့အတူတူ သွားရပါ့မလဲ""

Waking Love UPWhere stories live. Discover now