EP-15

42K 4.2K 539
                                    

""ဆူးကို မင်းမယူရင် ငါယူရလိမ့်မယ်""

မထင်မှတ်ထားသည့် စကားကို ကြားလိုက်ရသောအခါ ရတုမျက်ဝန်းတွင် ထိတ်လန့်ခြင်းအရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။ မင်းမြတ်သည် ရတုနှင့် အကြည့်ချင်းစစ်တိုတ်ပြီး ရတုက မည်သည်မှမတုန့်ပြန်သေးခင် ခုံမှာထောက်ထားသော လက်ကို ပြန်ရုတ်သိမ်းကာ ခါးမတ်ပြီး ကိုယ့်နေရာမှာ ကိုယ် ခပ်အေးအေးပြန်ထိုင်သည်။

လုပ်လိုက်စမ်းပါ ဒီပါရယ်၊ ငါ့ကို မခံချင်စိတ်နဲ့ ဆူးကို မင်းအပိုင်သိမ်းလိုက်စမ်းပါ၊ ငလက်မလေးအတွက်ကတော့ စိတ်မကောင်းပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ၊ အချစ်ဦးမှာကံမကောင်းတဲ့လူတွေက အချစ်ဆုံးမှာ ကံကောင်းတတ်ကြတယ်၊ မင်းအချစ်ဦးနဲ့လွဲဖယ်အောင် ငါလုပ်ခဲ့ပေမဲ့ မင်းအချစ်ဆုံးနဲ့တွေ့ချိန်ကျရင် ငါကူညီပါ့မယ်၊ ပညာမဆုံးခင်မှာ ကြင်ယာမရှာသင့်ဘူး၊ အခုချိန် ပညာရေးကိုပဲ အာရုံစိုက်ပြီး တဏုာကြောလေးလျှော့ထားလိုက်ပါ ငလက်မလေး၊ အားလုံးမင်းကောင်းဖို့အတွက် ငါက စေတနာနဲ့ လမ်းမှန်ကို သင်ပြပေးနေတာပါ ကြည်နူးနေနိုင် ။

---------------

ကြောင်ပေါက်ကြောင့် ခေါင်းကိုက်ရတဲ့အထဲ မင်းမြတ် .. မင်းကပါ ဘာလာဖောက်နေတာလဲ၊ တစ်ချိန်လုံးစိတ်မ၀င်စားခဲ့တဲ့ မင်းက အခုမှ ရတီကို ယူချင်လာတာ ဘာအတွက်လဲ၊ ကောင်းကင်ကြီးသာ နှစ်ခြမ်းကွဲသွားမယ်၊ မင်းက ရတီ့ကို ဘယ်တော့မှ ချစ်လာမှာမဟုက်ဘူး၊ ငါရှိနေသ၍ မင်းရတီ့ကို လှည့်စားလို့မရဘူး။

ရတုရဲ့လက်သီးဆုပ်ထဲ မခံချင်စိတ်များနှင့်ဒေါသများ ဖျစ်ညစ်ထိုးသိပ်လျှက်။

----------------

""အင်း ရတီ .. အခုလေးတင်ပဲ နင့်အဒေါ်အိမ်က အထည်ထုတ်ကို ယူလာပြီ၊ အဆင်ပြေတယ်၊ ဒါပဲနော်၊ ကားလာနေပြီ""

ရတီခိုင်းလို့ တောင်ဘက်အခြမ်းရှိ ရတီတို့ဆွေမျိုးအိမ်မှ အထည်ထုပ်ကို သွားယူပေးပြီး ကျောင်းကို ဆက်သွားရန်ဖြစ်သည်။ ကျောင်းကားပေါ်သို့ တတ်လိုက်စဉ် ကြောင်ပေါက်က ထိုင်ခုံမှာအခန့်သားထိုင်လျှက်  နွားနို့နှင့်ပေါင်မုန့်ကို လိုက်ဖက်ညီစွာ တွဲဖက်စားသောက်နေသည်။ ရတုကို မြင်တော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် အကြည့်လွှဲသွားသည်။

Waking Love UPWhere stories live. Discover now