EP_31

34K 3.6K 807
                                    

မနက်ခင်း ကျောင်းတတ်ရန် မျိုးကိုဦး အိမ်ကထွက်ခဲ့သည်။ အိမ်ရှေ့တွင် စက်ဘီးလေးဖြင့် ရပ်နေသော မဟာစံကျောင်းယူနီဖောင်းနှင့် ကျောင်းသားတစ်ယောက်ကို တွေ့သည်။ ကိုယ်နှင့်မဆိုင်ဘူးထင်ကာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရန် ပြင်လိုက်သည်။

""မျိုးကိုဦး""

မမျှော်လင့်ထားပေမဲ့ ထိုကျောင်းသားက စက်ဘီးကိုတွန်းကာ မျိုးကိုဦးအနားကို လျှောက်လာသည်။ စက်ဘီးကို ဒေါက်ထောက်ပြီး မျိုးကိုဦးရှေ့တွင် ရပ်လိုက်သည်။

""မင်းက .. ဟိုတစ်နေ့က""

""ငါတို့ မဟာစံမှာ တွေ့ခဲ့ဖူးတယ်""

မျိုးကိုဦးမှတ်မိလိုက်သည်။ စောသီဟမင်းမြတ်နှင့်သူစကားပြောတာကို အပြင်က ခိုးနားထောင်ခဲ့တဲ့တစ်ယောက်။ စောသီဟမင်းမြတ်မိသွားတော့ သူနှင့်အပြိုင်ငိုနေခဲ့တဲ့ ကျောင်းသား။

""င့ါကို လမ်းကြုံစောင့်နေတာတော့ မဖြစ်နိုင်ဘူး""

ကြည်နူးသက်ပြင်းခပ်လေးလေးချလိုက်သည်။

လွယ်အိတ်ထဲမှာ ထည့်ထားသော သတင်းစာနှင့်ပတ်ထားသည့် ပိုက်ဆံကို မျိုးကိုဦးလက်ထဲကို ထည့်ပေးသည်။ ထို့နောက် မျိုးးကိုဦးရှေ့တွင် ဒူးထောက်ပြီး

""မင်းမြတ်ရဲ့အပြုအမူအတွက် ငါက ကိုယ်စား အခုလိုတောင်းပန်ပါတယ်။ ဒါနဲ့မလုံလောက်တာသိပေမဲ့ ဒီလောက်နဲ့ကျေအေးပေးဖို့ မျက်နှာပြောင်တိုတ်ပြီး မေတ္တာရပ်ခံပါတယ်""

""ဒါ .. ဒါက ""

လက်ထဲမှာ ကိုင်ထားသော ပိုက်ဆံကို ရည်ညွှန်းပြီး မေးတာကြောင့်

""အားကစားမှာရတဲ့ ဆုကြေးငွေနဲ့ဆေးကုသစရိတ် အားလုံးကို ပိုပိုလျှံလျှံထည့်ထားပါတယ်။ ကြေးဖြတ်တာမဟုက်ပါဘူး။ ဘာမှမလုပ်ပေးပဲ မသိချင်ယောင်ဆောင် ကျော်သွားရမှာ မင်းမြတ်အတွက် မကောင်းတာကြောင့် မင်းထိခိုက်မှု့တွေအတွက် မဖြစ်စလောက်ဖြေသိမ့်နိုင်ဖို့ မျှော်လင့်ပါတယ်။ သေချာပေါက် ဒါတွေနဲ့ မင်းနစ်နာခဲ့ရတာတွေကို မဖြေသိမ့်နိုင်ပေမဲ့ .. လက်ခံပေးဖို့ မျှော်လင့်ပါတယ်""

Waking Love UPWhere stories live. Discover now