<zawgyi>
လေဒီရှူး-1(yaoi story)
အဆန်းကြိုက်တတ်တဲ့သူ့အတွက်တော့
ဇာတ်လမ်းလေးစခဲ့ပုံကလည်းဆန်းပါတယ်ဆန်းကြယ်တယ်...ထူးခြားတယ်
စွဲမက်စရာလေးတစ်မျိုးပေါ့လေ...............။ပူပြင်းသောနွေရာသီရဲ့နေ့ခင်းနေရောင်အောက်ကကားမှတ်တိုင်လေးဘေးမှာ အနီရောင်ပြိုင်ကားလေးတစ်စီး...
ကားထဲမှာထိုင်နေတဲ့ ကောင်လေးက...ဝသုန်မာန်......ရောက်နေတဲ့နေရာကအရိပ်မရှိ အကာမရှိ......
နေ့ခင်းနေရောင်နဲ့ကွက်တိ...ဝပ်ရှော့ခ်ကိုဖုန်းဆက်ထားပေမယ့် စက်ပြင်ဆရာကအခုထိမလာသေး......
"ဟူး..."
ကားကပျက်တာမှ စက်ပါနှိုးမရတာမို့ air-conကလည်းဖွင့်မရအရင်ဘဝက ငါးခြောက်လှမ်းခဲ့မိလို့များ ရန်ကုန်နေ့လယ်ကြီးမှာ နေအလှန်းခံထားရတဲ့အဖြစ်မျိုးနဲ့ လာကြုံနေရတာလားလို့တောင် စဉ်းစားမိပါတယ်
ပူချက်ကတော့ ကားထဲရောက်နေတာတောင် နဖူးက ချွေးစီးကျအောင်ပူတာ...ဝသုန်မာန်သက်ပြင်းချရင်း ကတ္တရာလမ်းမပေါ်
မျှော်မိတော့ ခပ်လှမ်းလှမ်းမှာဆိုင်တွေရှိသလို......ကားထဲမှာဆက်ထိုင်ရင်ဖုတ်ပြီးသားဖြစ်တော့မှာမို့
ဆိုင်တဆိုင်ဝင်နေရင်ကောင်းမလားကြံရုံရှိသေး..."တောင်...တတောင်...တောင်"
မြည်လာတဲ့ဖုန်းကိုကောက်ကိုင်တော့"ဟကောင်...ဝသုန်...မင်းကဘယ်ရောက်နေတုန်းဟ
ဒီမှာငါတယောက်တည်း အလုပ်ပိပြီးပြားတော့မယ်"အလိုက်မသိစွာထွက်လာတဲ့ ငယ်ပေါင်းသူငယ်ချင်း ထွန်းကိုရဲ့အသံပြဲကြောင့် ဝသုန့်ရဲ့
မကြည့်တဲ့စိတ်တွေ တင်းသွားရသည်
နေပူရတဲ့ကြားထဲ သူ့အသံကြားရတော့ feelingပါပိုငုတ်သွားရတယ်......"ဘယ်မှမရောက်ဘူးဟေ့...ကားပျက်လို့
လမ်းဘေးရောက်နေတယ်""ဟင်...ကားပျက်တာနဲ့လမ်းဘေးရောက်??..."
အာ...အတွေးကိုက...လူကို သူတောင်းစားတန်းဖြစ်ခိုင်းတာပဲ"ကျွတ်...စက်ပြင်ဆရာမလာသေးလို့ ကားကိုလမ်းဘေးထိုးထားရတယ်ပြောတာ"
ဝသုန့်မှာ အခြေအနေကို အမြန်ပြန်ရှင်းပြရတယ်
YOU ARE READING
လေဒီရှူး-(yaoi story)
Teen Fictionကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးကောင်လေးတစ်ယောက်အကြောင်း... ကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးကောင်လေးတစ်ယောက်အကြောင်း...