လေဒီရှူး-28

11.2K 1.2K 101
                                    

<zawgyi>

လေဒီရှူး-28 (yaoi story)

ညနေခင်းရဲ့ ဆည်းဆာတွေကတော့ ကောင်းကင်ကနေ စီးကျလို့…

ဝသုန် ရွာထဲကနေ ဘုန်းကြီးကျောင်းဆီကို လမ်းလျှောက်ပြန်ခဲ့တယ်။

တကယ်ကပြန်ချင်သေးတာမဟုတ်!…

ချစ်လှစွာသောကောင်လေးက ချစ်တယ်လေးပြောခိုင်းမိတာကို…ပြောပြီးတာနဲ့ အိမ်ထဲဝင်ပြေးသွားလိုက်တာ ပြန်ထွက်မလာတော့…

အဲ့တာမို့ ဝင်ခေါ်ပလိုက်ချင်စိတ်ကို မျိုချပြီး သူ့အဖေပြန်မလာခင် အရင်ပြန်လိုက်တာ။

ကိုယ်ဆိုတာမျိုးကလည်း တသက်လုံးမလွဲဖူးသမျှ
ကို အဲ့ကောင်လေးနဲ့ပတ်သက်လာရင် လွဲတာ
ဆိုတာ…
တမင်လုပ်သလားမှတ်ရတယ်။

စတွေ့တုန်းကတောင် သူ့ဖိနပ်တက်နင်းမိပြီး
တွေ့ခဲ့တာမဟုတ်လား…
စတွေ့ကတည်းက လွဲခဲ့တာ ခုထိ…

ခုလည်း သူ့အဖေနဲ့တွေ့ရင် ထပ်လွဲမှာစိုးလို့ ရေသိပ်မခြောက်သေးတဲ့ ကိုယ့်အကျီင်္ကိုယ်ပိုက်ပြီး
ထွက်လာရတာပါ။

ပြီးတော့………
ဝင်ခေါ်ပြီးရင် ခေါ်ရုံလောက်ပဲ ဖြစ်ပါ့မလားဆိုတာ ဝသုန်မာန် ကိုယ့်ကိုကိုယ် မသိလို့လေ!!…

အဲ့ကလေးရှက်နေတဲ့ပုံက ဝသုန့်ကို နမ်းချင်မိအောင် ဆွဲဆောင်နေလွန်းလို့ပါ…
(နမ်းရုံပါပဲ…တခြားမတွေးရ -_- )

''ဗျို့…ဟိုရှေ့က အကို…''
ခေါ်သံကြားလို့ ဝသုန် တွေးတာရပ်ပြီး လှည့်ကြည့်တော့ ကောင်လေးသုံးယောက်…

ဘာများဖြစ်ပြန်တာလဲ?…
အသက်ဆယ့်ရှစ်ဝန်းကျင်လောက်ဆိုတော့ ရွာရဲ့ ကာလသားတွေ ဖြစ်ပုံရတယ်
ဘာလို့လဲတော့မသိ…

''အကိုက မြို့က ဧည့်သည်ဆိုတာလား…''

''အင်း…ဘာကိစ္စများရှိလို့လဲ''
ခပ်တည်တည်နဲ့ လက်ထဲက အဝတ်တွေကို လက်တဖက်တည်းမှာပြောင်းကိုင်ပြီး ဟန်ပါပါ ပြန်ဖြေလိုက်တော့…

''ကျွန်တော်တို့ရွာမှာ ခုတလော သူခိုးပေါလာတယ်ဗျ…''

''ဘာကွ…!!!''

စတိုင်လေးပေးပြီးဖြေမိပါတယ်!
ကြားလိုက်ရတဲ့စကားကြောင့် နင်သလိုပါဖြစ်သွားရတယ်။
ဘလိုင်းကြီးနဲ့ ရုပ်တည်င်္ကြီးလာဖြဲတာခံရတော့
ဝသုန် တင်းခါနီးမှာ…

လေဒီရှူး-(yaoi story)Where stories live. Discover now