လေဒီရှူး-15

13K 1.3K 30
                                    

<zawgyi>

လေဒီရှူး-15(yaoi story)

''သူဌေး...''

စာရင်းငုံ့တွက်နေတဲ့ထွန်းကို...
ခေါ်သံကို မော့ကြည့်လိုက်တော့ ရှေ့မှာရပ်နေတဲ့ စာရေးမလေး တယောက်...

''အင်း...ဘာကိစ္စရှိလို့လဲ...''

''ဟိုဟာလေ...''
သြ...စာရင်းတွက်နေတဲ့လူကို လာခေါ်ပြီးတော့ ပြောရဲသလို၊မပြောရဲသလို တွန့်ဆုတ်ဆုတ်နဲ့...
ဟိုဟာတဲ့...!
ဘယ်ဟာမှန်းလဲမသိ...??!!!

''ဘာဖြစ်လို့လဲ...''

''ကိုဝသုန် နေကောင်းရဲ့လားဟင်???''

'ကိုဝသုန်'တဲ့...လုပ်ပြန်ပြီ!
ဟိုအချေကောင်ကြားရင်ပြဿနာကတက်ဦးမယ်...
ဟိုကောင့်ရှေ့မဟုတ်လို့ နာမည်ကိုအဖျားဆွတ်ခေါ်တာနေမှာပေါ့¡¡...

သူ့ကို ရုံးဝန်ထမ်းတွေ တရင်းတနှီးခေါ်ရင် ကိုတော်ချောကမကြိုက်ပါ...
ကိုယ်တွေနဲ့သာ ပြောမနာ၊ဆိုမနာဖြစ်နေပေမယ့် ရုံးမှာဆိုရင်တော့ အသားလွတ်ကို ရုပ်တည်နေတတ်တယ်...
စကားပြောတော့လည်း မာရည်ကျောရည်တော့
မဟုတ်ပေမယ့် ယတိပြတ်နဲ့ လိုရင်းတိုရှင်း...

ဒါပေမယ့် အဲ့ဒီလို လူမှုဆက်ဆံရေးမှာ 0မှတ်ရပြီး ချေတတ်ပေမယ့်...
လူကချောပြီး စော်အတည်မရှိတော့ သူ့ဟာနဲ့
သူတော့ ဝိုင်းဝိုင်းလည်တာပေါ့...

Uniမှာ နှစ်တိုင်းKingရတာကို ထွန်းကို အံ့သြမိတယ်
ကောင်မလေးတွေက အဲ့အချေကောင်ကို ဘာကြည့်ကြိုက်လဲမသိ??
ထွန်းကိုသာ မိန်းမဖြစ်ရင်တော့ ကြိုက်မှာမဟုတ်တာ သေချာပါတယ်...
အဟမ်း!ဒါတွေထားပါ...
အခု မေးတာဘာတဲ့?

ဝသုန်မာန် အခုတလော ခါတိုင်းထက် အရယ်အပြုံးနည်းနေတာကို မေးတာလားပဲ?

မောင်မင်းကြီးသားက စွန်းpopularဖြစ်ပုံရတယ်။
ဒီကောင်မလေးက စိတ်ဝင်တစားမေးပြန်ပြီ...
ဘယ်လောက်တောင် လိုက်ကြည့်ထားလို့ ရုပ်အပြောင်းအလဲကို သိနေရတာပါလိမ့်?!

ပြောမယ့်သာပြောတာပါ...
ဒီရက်ပိုင်းမှာ ဝသုန်မာန် သာမာန်ထပ် အေးတိအေးစက်ပိုဖြစ်နေတာ သေချာဂရုစိုက်ကြည့်ရင် သိသာပါတယ်...
အခုလည်း သူ့အဒေါ် ရဲ့ဖိနပ်ဆိုင်သွားပြီး ပြန်လာတာတောင် ရွှင်ရွှင်ပျပျမဖြစ်ဘူးထင်တယ်...

လေဒီရှူး-(yaoi story)Where stories live. Discover now