လေဒီရှူး-12

12.6K 1.3K 26
                                    

<zawgyi>

လေဒီရှူး-12(yaoi story)

ပြတင်းပေါက်ကနေ လမ်းမပေါ်ကြည့်တော့
သူနေတဲ့ ဆိတ်ညိမ်ရပ်ကွက်လေးရဲ့ နေဝင်ချိန်က တိတ်ဆိတ်ဆဲ...
လမ်းသွားလမ်းလာမရှိ...
လှုပ်ရှားမှုမရှိ...

ဒါ သူ့ရင်ထဲက မြင်ကွင်းနဲ့ ထပ်တူကျနေတာများလား...
သူ့စိတ်တွေ ငြိမ်သက်နေပါတယ်...ဒါပေမယ့်
လန်းဆန်းမှုမဲ့လို့...

ပြတင်းပေါက်ကနေ အကြည့်လွှဲရင်း အခန်းထဲကို
ပြန်ကြည့်မိတော့...
စားပွဲပေါ်က အဝါရောင်အရည်တွေပါတဲ့ ပုလင်းနဲ့
ဖန်ခွက်လေးတွေက သူ့ကိုစောင့်နေတဲ့အလား...

အရက်သောက်ဖို့လား??
အရက်သောက်ရင် မေ့နိုင်လို့လား???

ဘယ်လောက်သောက်သောက် မူးဖို့မလွယ်တော့တဲ့
ကိုယ့် Iimitကိုယ် သိနေတာမို့ သောက်မနေတော့...
ပထမတော့ မေ့ဖို့ကြိုးစားခဲ့ပေမယ့်လည်းပေါ့လေ...

အခု လိုနေတာ အရက်မှ မဟုတ်တာ...
အဲ့ဒါဆို သူ့ကိုမေ့ဖို့လား???
လေဒီရှူးပဲ စီးပြီး ကလေးဆန်တဲ့ ယသော်ထက်ဆိုသော ထိုကောင်လေးကိုလား...

ကလေးဆန်တယ်... ပေါက်ကရတွေ လျှောက်လုပ်တတ်တယ်။
ဒါပေမယ့် တခါတလေ သူ့စကားတွေကို နားထောင်ရင်း သူ့ရဲ့ရင့်ကျက်မှုကို ခံစားမိတယ်...
ပွင့်လင်းပေမယ့် လျှို့ဝှက်တတ်မှန်း သိခဲ့ရတယ်
ပြီးတော့...
အရမ်းဖြူစင်လွန်းတယ်...

ဘယ်သူမှဂရုမစိုက်တဲ့ ရေမြောင်းထဲက ကြောင်လေးကို ကိုယ့်ကိုကိုယ်အတွက် တချမှဂရုမစိုက်ပဲ ကယ်ခဲ့တာကို တွေ့လိုက်ရကတည်းက သူ့စိတ်ထားကို ခန့်မှန်းရခက်ပေမယ့် တွေးဆခဲ့မိပါတယ်...
နူးညံ့ပေမယ့် ပျော့ညံ့သူမဟုတ်လောက်ဘူးလို့လေ...

သူ့အကြောင်းတွေးမိရင် လူက အလိုလိုပျော်မိလာသလို ဖြစ်ခဲ့ပါတယ်
ဒါပေမယ့်...
အခုတော့ စကားတခွန်းကိုပဲ ရွေးချယ်ကြားမိနေ သလိုမျိုးပါ
''ဒီလောက်နဲ့ ရပ်လိုက်လိုက်ပါတော့''တဲ့။

အဆိုးဆုံးကို တွေးခဲ့ပါတယ်
ခံနိုင်ရည်ရှိအောင် ပြင်ခဲ့ပါတယ်
အမှန်အတိုင်းဝန်ခံရရင် လက်ခံဖို့အထိလည်း မမျှော်လင့်ခဲ့ပါဘူး...
သူ့အပေါ်ရှိတဲ့ ခံစားချက်တွေကို အမှန်အတိုင်း ဝန်ခံခဲ့ရုံပါပဲ

လေဒီရှူး-(yaoi story)Where stories live. Discover now