လေဒီရှူး-27

11.6K 1.2K 32
                                    

<zawgyi>

လေဒီရှူး-27  (yaoi story)

''သူများရပ်ရွာကြီးမှာ ပြောရဲပြောကြည့်နော်…
သိသွားလို့က ခင်ဗျားနဲ့ ကျွန်တော်အပြတ်ပဲ''

ဝသုန်မာန် ခေါင်းကို သဘက်
နဲ့သုတ်ရင်း အဲ့ကောင်လေး
ပြောတာကိုလည်း နားထောင်ရတယ်။

ဘာကိစ္စမို့ လိုက်လာတာလဲ?…
ဘယ်လောက်တောင် အရေးကြီးလို့
လိုက်လာရတာလဲ?
ဒီမှာ ဘယ်နှစ်ရက်လောက်နေဖို့အစီအစဉ်ရှိလဲ?
ဘယ်တော့ပြန်မှာလဲ?
စတဲ့ သူ့အဖေ အင်တာဗျူးသမျှလည်း
ဖြေခဲ့ရသေးတယ်…

ဖိနပ်နဲ့ခေါင်းတည့်တည့်ကန်မိတာကို ရေထဲက ဆယ်ပေးတာနဲ့ အမြင်ကြည်ပြီး အိမ်ခေါ်လာတယ်မှတ်ပါတယ်
တစ်နာရီနီးပါး တရားခံစစ် အစစ်ခံလိုက်ရမှ ဝသုန်မာန့်အကြည်အညိုတွေ ပျောက်သွားတော့တယ်။

ဘယ့်နှယ့်…အညှိုးနဲ့များမေးနေသလားပဲ?
မေးတဲ့ ယောက္ခမလောင်းကြီး မော၊မမောတော့မသိ!
အမေးခံရတဲ့ကိုယ်တောင် ဖြေရတာလက်မလည်…

အခုလည်းလာပြန်ပြီ…
အဖေပြီးတော့ သားအလှည့်။

သူ့အဖေ အားရအောင်မေးပြီးလို့ ရွာထဲထွက်သွားတဲ့အချိန် ဝသုန့်ရဲ့နားခဗျာမှာ ခဏလောက် အနားရမလားမှတ်တယ်။
သူက ဟောက်နေတာမပြီးတော့…

ပြတ်တာကြီးပဲ ထပ်နေတယ်ဆိုတာ…
သူကသာ ပြတ်တောထဲကကိုမထွက်…
ကိုယ်သာ တစ်ခွန်းလောက် ပြောကြည့်ပါလား?
မိုးမီးပါလောင်သွားဦးမယ်!

ဝသုန် သိပ်မခြောက်သေးတဲ့ဆံပင်တွေကို
လက်နဲ့သပ်ခါလိုက်ရင်း…
''မပြောပါဘူးကွာ…
ရန်ကုန်ပြန်ရောက်မှ ဖွင့်ပြောမှာ…အခုက မင်းနဲ့တွေ့ချင်လို့ တမင်လိုက်လာတာ။
ဟုတ်ပြီလား''
အဲ့လိုလေးတခွန်းဖြတ်ပြောလိုက်မှ ယသော်ထက် တိတ်သွားရတယ်။

ပြောလိုက်ရင် ဒါမျိုးချည်းပဲ
လုပ်ရင်သာ တလွဲဖြစ်တာ…
ယသော် ဘာထပ်ပြောရမလဲ စဉ်းစားရင်း သဘတ်တထည်နဲ့ ခေါင်းသုတ်နေတဲ့ ဝသုန်မာန်ကို လှည့်ကြည့်လိုက်တော့…

ဒီလူကြီးနှယ်…
ဆံပင်မခြောက်သေးတာတောင် အတော် ကြည့်ကောင်းနေတာပဲ။

လေဒီရှူး-(yaoi story)Where stories live. Discover now