လေဒီရှူး-25

11K 1.2K 44
                                    

<zawgyi>

လေဒီရှူး-25 (yaoi story)

တူ…ခနဲမြည်နေတဲ့ဖုန်းခေါ်သံကို ဝသုန်မာန် စိတ်မရှည်ချင်တော့…

ဆက်နေတာကြာပြီ…
အခုထိ မကိုင်သေးပုံထောက်တော့ ဘယ်လောက်တောင်တင်းနေပြီလဲမသိ!
အဲ့တာမို့လို့ မနက်ကတည်းက ရှင်းပြဖို့ပါပဲ။
အခြေအနေအရ မဖြစ်နိုင်ခဲ့တာ…

မနက်ကလေ…
ဖွင့်ပြောဖို့အသာထားဦး…

ဆရာတော်ကို ဆေးရုံပို့ပေးပြီး ထိုင်ကန်တော့ရတာနဲ့…
ယသော့်အဖေကို တောင်းပန်ရတာနဲ့…
ရပ်ကွက်ရုံးပို့မယ်လုပ်နေတဲ့ လူအုပ်ကို ရည်ရွယ်ချက် မပါကြောင်းရှင်းပြရတာနဲ့…

အိမ်လည်းရောက်ကော နေ့လည် နှစ်နာရီထိုးနေပြီ။
အိမ်ရောက်တာနဲ့ ကြမ်းပြင်ပေါ် ဗုန်းခနဲ လှဲချပြီး
အိပ်သွားတာ…
ဆိုဖာပေါ်အထိတောင် မသွားနိုင်ပါဘူး။

အဲ့လိုနဲ့ …
ညခုနှစ်နာရီမှနိုးတယ်…

ဟိုကောင်လေးက ဘယ်လောက်တောင် ကောက်နေ
ပြီလဲပဲ?
အလကားနေရင်း ကောက်တာတောင် သေလောက်အောင်ချော့ရတာ!
ဒီနေ့ပြဿနာက တော်တော်ကြီးမှန်း ကိုယ်မွှေထား
တော့ ကိုယ်သိပါတယ်။

အဲ့တာကို ဖုန်းက ခုမှဆက်ဖြစ်တယ်…
ကိုင်တောင်ကိုင်ပါ့မလားပဲ?
ဖုန်းကိုင်ရင်လည်း ဘယ်လောက်တောင် ကောက်ဦး
မလဲ…

ဟို…လင်းထက်ဆိုတဲ့ကောင်ကလည်း သူအိမ်ပြန်
ရောက်မှ နိုးတယ်။

တနေကုန် အလုပ်ဆိုပြီး အပြင်ထွက်နေတာ
အလုပ်ဟုတ်လား…မဟုတ်လားတော့မသိဘူး…
မိန်းမနဲ့ရန်ဖြစ်ပြီး ကိုယ့်အိမ်ရောက်ကတည်းက
လွတ်လပ်ရေးရနေတဲ့အတိုင်းပဲ…
အိမ်ပေါ်တက်နေပြီး အားကိုမကိုးရဘူး…

'တီ'ခနဲ…ဖုန်းကိုင်လိုက်တော့…
''ဟယ်လို…ယသော်ထက်…ငါပါ ''

''အင်း…သိသားပဲ…ဟား ဟား…ပြောလေ…''

အင်…
'ဟား ဟား'တဲ့
အသံက ကြည်ကြည်လင်လင်နဲ့ဆိုတော့ ရွဲ့နေတာတော့ မဟုတ်လောက်ပါဘူးနော်…

''ဟို…မင်း ငါ့ကို စိတ်မဆိုးဘူးလားဟင်…''
ဝသုန် အရဲစွန့်ပြီးမေးမိတော့…

လေဒီရှူး-(yaoi story)Where stories live. Discover now