လေဒီရှူ:-14

12.7K 1.4K 25
                                    

<zawgyi>

လေဒီရှူ:-14( yaoi story)

အနီရောင်ပြိုင်ကားလေးတစီးက မိုးစက်တွေရဲ့အောက် လမ်းမတစ်ခုဘေးမှာ ရပ်ထားဆဲ...
ကားလေးရဲ့အနားကို ကပ်ပြီးနားထောင်ကြည့်မယ်ဆိုရင်တော့ ရှိုက်သံသဲ့သဲ့ကို ကြားရမှာပါ

ကားထဲမှာ ကောင်လေးနှစ်ယောက်...

ဝသုန်မာန် သူ့ဘေးနားမှာ ရှိုက်ငိုနေတဲ့ ယသော်ထက်ကို ထိုင်ကြည့်နေရုံကလွဲလို့ ဘာပြောရမယ်မှန်းမသိ...

ဆိုင်ထဲကလက်ဆွဲခေါ်လာတုန်းက မိုးရွာလာတာရယ်...သူငိုတော့မလို ဖြစ်နေတာရယ်ကြောင့် ကားထဲခေါ်လာခဲ့တာပါ
ကားထဲရောက်ကတည်းက စပြီးငိုတာ...
အခုမိုးတိတ်သွားပေမယ့် အငိုမတိတ်သေး

လူရှေ့မှာ အပြောခံရတာဆိုတော့ သူအတော်ရှက်သွားမှာပဲ...
ဝသုန်မာန် ပြဿနာရဲ့တစိတ်တပိုင်းကိုပဲ သိရပေမယ့် ယသော့်အလွန်မဟုတ်ဘူးဆိုတာ သိသာပါတယ်

ဒါပေမယ့် လူတိုင်းကတော့ သူနဲ့ဆန့်ကျင်ဘက် တွေးကြမှာပါ
ဘာလို့လဲဆိုတော့...အဲ့ဒီဖိနပ်ကြောင့်...
မိန်းကလေးတယောက်နဲ့လေဒီရှူးပြိုင်လုသလို ဖြစ်သွားတာကြောင့်...

''ကျွန်တော့်...ဆယ်နှစ်ပြည့်မွေးနေ့မှာ...
ကျွန်တော့်အမေ ဖိနပ်လက်ဆောင်ပေးတယ်''
ငိုသံတွေရောယှက်ပြီး ထွက်ပေါ်လာတဲ့ စကားသံ...

ဖိနပ်ဆိုင်ကနေကားထဲရောက်ပြီး အခုအချိန်အထိမှာ ပထမဆုံး စပြောတဲ့စကား...
ဘာလို့ပါလိမ့်ဆိုတာ...ဝသုန်မာန် နားမလည်ပါ
ဒါပေမယ့် ဘာမှပြန်မမေးမိပါ

''ဒါပေမယ့်...သူ...သူ...ဖိနပ်မှားဝယ်လာတယ်...
ဆိုင်...က...ဖိနပ်မှားပြီး လေဒီရှူးထည့်ပေးလိုက်တာ...''
ငိုရင်းနဲ့ ပြောနေတဲ့စကားတွေက ရှိုက်သံတွေနဲ့ ရောထွေးလျက်...

ဝသုန်မာန် မှန်းမိလိုက်တယ်...
ဒီကောင်လေးပြောပြနေတာ သူဘာလို့ လေဒီရှူးစီးရတယ်ဆိုတဲ့အကြောင်းများလား?

ငိုနေတဲ့မျက်နှာလေးက ဝသုန့်ကို ပြန်ကြည့်မနေပါ
နီရဲနေတဲ့ပါးနှစ်ဖက်ပေါ်က မျက်ရည်တွေကိုသာ လက်နဲ့ဖိသုတ်ရင်း တဖက်ကိုအကြည့်လွှဲထားတယ်

လေဒီရှူး-(yaoi story)Where stories live. Discover now