လေဒီရှူး-11

13K 1.4K 12
                                    

<zawgyi>

လေဒီရှူး-11(yaoi story)

လူလေးယောက်ရှိတဲ့ အခန်းလေးက ငြိမ်သက်နေဆဲ...
ယသော်ထက် ဝသုန့်ကိုသာ ငေးကြည့်နေမိတယ်...

စ,တာလား?
ဒီလူကြီးက မျက်နှာတည်ကြီးနဲ့ စ,တာတဲ့လား??
ဘယ်လိုပဲစ,တယ်ပြောပါဦး...ဒါကြီးက...

ဘေးနားမှာထိုင်နေတဲ့ ထွန်းကိုနဲ့လင်းထက်ကို ကြည့်လိုက်တော့လည်း ရေတွေစင်တာတောင်မှ ပြန်မသုတ်နိုင်သေးပဲ ကြောင်ကြည့်နေတဲ့သူနဲ့...
ပါးစပ်အဟောင်းသား ပွင့်နေတဲ့သူနဲ့...
ဒါပေမယ့် သူတို့မျက်နှာတွေက အံ့သြတာထက် အားနာနေတဲ့ပုံတွေ...
အဲ့တာဆိုရင်...အခုပြောတာ...

အားလုံး ခဏတိတ်ဆိတ်ပြီးသွားတဲ့ နောက်မှာတော့

''ခင်ဗျား... ကျွန်တော့်ကို ...နောက်နေတာလား''
ယသော်ထက် ခပ်ထစ်ထစ်နဲ့ မေးတော့...

''ဒါ နောက်စရာလား''

ဝသုန်မာန်ရဲ့ စကားအဆုံးမှာ
ယသော်ထက် အခြားသူတွေကို လှည့်ကြည့်တော့လည်း မျက်နှာအမူအယာတွေက မပြောင်းကြသေး...
ဒါ...နောက်နေကြတာပါ။
အတော်လည်း နောက်နိုင်ကြတဲ့လူတွေ...

''ဟဲဟဲ...မနောက်စမ်းပါနဲ့ဗျာ...
ခင်ဗျားကလည်း အတည်ပေါက်ကြီးနဲ့ ကျွန်တော့်ကို...''

''ငါ တကယ်ပြောတာ ယသော်ထက်...
ငါလည်းပထမတုန်းကတော့ မဟုတ်ဘူးလို့ထင်ခဲ့တာ။
ဒါပေမယ့် ငါ မင်းကို တကယ်ကြိုက်နေမိတာ''

ဝသုန့်စကားအဆုံးမှာ ယသော် ဘာမှထပ်ပြောစရာမရှိတော့...
ဒါ...တကယ်ကြီးလား...

ဘေးကလူနှစ်ယောက်ကို ထပ်ပြီးကြည့်မိတော့ တုပ်တုပ်မှကိုမလှုပ်...

''ဘာတွေဖြစ်နေကြတာလဲ...??
အားလုံးပေါင်းပြီး ကျွန်တော့်ကို နောက်နေတာလား''
နားမလည်စွာ မေးမိတော့...

''ငါ...ဒီလိုပြောတာက...''

''ဟုတ်ကဲ့ကျွန်တော့်ကို ခွင့်ပြုပါဦး''

ဝသုန်မာန် စကားဆုံးတဲ့အထိ ထပ်မစောင့်တော့...
ယသော် လွယ်အိတ်ကောက်လွယ်ပြီး အခန်းထဲက လစ်တော့တယ်။

ဝသုန် လိုက်သွားမလို့ ထရပ်တော့
'ဖြောင်း'ခနဲ နောက်ကနေ ဇာတ်ပိုးအုပ်တဲ့ လင်းထက်...
လူက ခေါင်းတောင်မူးသွားတယ်

လေဒီရှူး-(yaoi story)Where stories live. Discover now