လေဒီရှူး-5

16.2K 1.7K 18
                                    

<zawgyi>

လေဒီရှူး-5(yaoi story)

ခန္ဓာကိုယ်သေးသေးလေးကို ကြမ်းပြင်ပေါ်လဲမကျအောင် အချိန်မှီ
ဆွဲပွေ့လိုက်ရတာမို့ လက်ထဲကဖုန်းကတော့
အောက်ကို 'ခွပ်'ခနဲ မိတ်ဆက်လို့...

ဒါပေမယ့် ဝသုန်မာန် ဖုန်းကို ဂရုမစိုက်နိုင်သေး...

ရင်ခွင်ထဲမှာပွေ့ထားတဲ့ ကောင်လေးဆီက ခပ်ရှရှအသက်ရှူသံတွေကိုသာ စိုးရိမ်နေမိတယ်
ဘာဖြစ်သွားရတာလဲ...?

ခပ်လှမ်းလှမ်းမှာကျနေတဲ့ ဖုန်းscreenဆီက အလင်းရောင်ကလည်း ကောင်လေးရဲ့ မျက်နှာကို သေချာမြင်ရအောင်အထိ မလုံလောက်...

ဓာတ်လှေကားပိတ်နေတယ်ဆိုတော့ ဘယ်ကိုမှလည်း အကူအညီတောင်းလို့မရ...
ကာယကံရှင်ဖြစ်တဲ့သူ့ကိုပဲ ဘာဖြစ်တာလဲ မေးရုံရှိတော့တယ်

"ယသော်ထက် ...ဟေ့... ဘာဖြစ်တာလဲ"
ဝသုန်ပွေ့ထားရာကနေ လှုပ်နိုးပြီးအော်တော့မှ မျက်ခွံလေးတွေ ခပ်လေးလေး ပွင့်လာတာကို မှုန်တိမှုန်ဝါးမြင်ရတယ်

"မင်း ဘာဖြစ်သွားတာလဲ?? အကောင်းကြီးကနေ..."

အလင်းရောင်ကသိပ်မရှိတာမို့ ဝသုန်မာန်မှာ သူ့မျက်နှာကို မြင်ရအောင်လည်း ကိုယ်ကို ကိုင်းရသေးတယ်

ကြည့်နေတုန်းမှာ ခပ်ဟဟနှုတ်ခမ်းလေးတွေ လှုပ်လာရင်းပြောလိုက်တာက...
"အသက်ရှူလို့... မရတော့ဘူး"...တဲ့

ဟာ ပြသနာပဲ... ဘာဖြစ်သွားတာလဲ ...
ဓာတ်လှေကားပျက်နေပါတယ်ဆိုမှ...
တခုခုဖြစ်ရင်တော့ ဒုက္ခပဲ

" ဘာ ဘာဖြစ်လို့လဲ ??"
ဝသုန် စိုးရိမ်တကြီးမေးမိတော့

"ခင်ဗျားဖက်ထားလို့..."
တိန် ...!! ငါနော်...

"သြ...အင်း"
လဲသွားလို့လည်း ဖမ်းပေးရသေးတာကို...
ကိုယ်ဖက်ထားလို့ပဲ အသက်ရှူကြပ်တယ် ဖြစ်ရသေး...
သူ့ဖာသာသူ ဘာထဖြစ်မှန်းမသိပဲနဲ့များ

ဝသုန်တင်းချင်စိတ်လေးတွေ လျှော့ပြီး ဖက်ထားမိတာကိုလွှတ်လိုက်ရင်း ထိုင်လို့ရအောင် ထူပေးလိုက်တော့...
အမောမပြေသေးသလို ခပ်လျော့လျော့လေး ထိုင်လို့

ခပ်လှမ်းလှမ်းကဖုန်းကို လှမ်းယူပြီး flashမီးဖွင့်ရင်း
ကောင်လေးကိုကြည့်လိုက်တော့ အခုမှသေချာမြင်ရတာက ဖြူဖပ်ဖြူရော်မျက်နှာလေး...
ပြီးတော့ နဖူးပေါ်က ချွေးစက်လေးတွေ...

လေဒီရှူး-(yaoi story)Where stories live. Discover now