လေဒီရှူး-7

15.5K 1.5K 15
                                    


<zawgyi>

လေဒီရှူး-7 (yaoi story)

လူကဖြင့်မြောင်းထဲရောက်နေပြီးတော့ ကိုယ့်ခေါ်တာက 'အူကြောင်ကြား'အပြင် အခြားမခေါ်နိုင်သေးဘူး...

ခုဏတုန်းက ပူနေတဲ့စိတ်တွေတောင် ဘယ်ရောက်သွားမှန်းမသိ?
အခေါ်အဝေါ်ကိုက စေတနာမရှိချင်စရာလေး...

''ဘာကို အူကြောင်ကြားရမှာလဲ...
ငါ့နာမည် ဝသုန်မာန်ကွ...''
ဝသုန် အော်ပေးလိုက်တော့မှ...

''သြ အင်းပါ...ခင်ဗျားကလည်း ဒေါသကြီးပဲ။
ကျွန်တော်က ဒီအတိုင်းလေး အလွယ်ခေါ်လိုက်တာကို''

အံမယ်...
သူ အလွယ်ခေါ်တဲ့နာမည်ကိုလည်း ကြည့်ဦးလေ
အခုထက်ထိ အူကြောင်ကြားကကို မတက်နိုင်ဘူး

''အဲ့တာ...အဟဲ...''
ဝသုန်မာန် ဘာမှမပြောရသေးပါဘူး...
အဲ့တာကို အသားလွတ်ကြီး လာရယ်ပြပြန်ပြီ
''ကျွန်တော့်ကို နည်းနည်းလောက်ကူပါဦး''

လာတာကတော့ ကူဖို့လာတာပါပဲ...
ကိုယ့် 'အူကြောင်ကြား'ခေါ်လို့ စေတနာခဏပျက်သွားရုံပဲရှိတာ

''ဒါနဲ့ နေပါဥင်္ီး...မင်းက မြောင်းထဲပြုတ်ကျတာလား?''
ဝသုန်မေးလိုက်မိတော့...

''အာ...ပြုတ်ကျစရာလား...
ပြုတ်ကျရအောင် ကျွန်တော်က ကလေးမှမဟုတ်တာ။
ခင်ဗျားကလည်း...အူကြောင်ကြားခေါ်တော့ကြ မကြိုက်ဘူး''

''ဘာ...?''
လုပ်ပြန်ပြီ!
အဲ့ဟာလေးကတော့လေ
မေးနေတာကို မဖြေပဲနဲ့...
ကိုယ့်ဘယ်လိုခေါ်သင့်ကြောင်း ဆွေးနွေးနေတယ်

''အေး...ခေါ်ကွာ။
ခေါ်ပြီး နေခဲ့တော့...ငါလည်း ကူမနေတော့ဘူး''
ဝသုန်လှည့်ပြန်မယ်လုပ်တော့...

''ဟာ...မလုပ်နဲ့လေ...
ကျွန်တော်က စ,တာကို။ဒီအတိုင်းကြီးတော့ မထားခဲ့နဲ့လေ...အဟဲ''

ဒီနေ့ အသားလွတ်တွေရယ်ပြတာ အတော်များနေသလိုပဲ...
ခါတိုင်းလို တွေ့တာနဲ့ စွာတာတာဖြစ်နေကြကနေ မြောင်းထဲရောက်မှပဲ ရယ်တာမြင်ဖူးတော့တယ်
ဒီလိုရယ်တော့လည်း ချစ်စရာကောင်းသားပဲ

အာ...
ချစ်ဖို့ကောင်းတာတွေ တော်စမ်းပါ ဝသုန်မာန်ရာ...ဒီမှာ ဘယ်လိုမြောင်းထဲရောက်နေမှန်း မသိရတဲ့အထဲ

လေဒီရှူး-(yaoi story)Where stories live. Discover now