လေဒီရှူး-2

22.1K 2K 14
                                    

<zawgyi>

လေဒီရှူး-2(yaoi story)

ကော်ဖီဆိုင်လေးရဲ့ အခန်းတစ်ခုပါ...
အေးစိမ့်သော အဲယားကွန်းခန်းလေးထဲမှာ
ကောင်လေးနှစ်ယောက်...

ပြောနေကြတဲ့အကြောင်းအရာက...

''မင်းဟာက မိန်းကလေးများလား??''

''မဟုတ်ဘူးကွ ယောကျာ်းလေးပဲ ဒါပေမယ့်
ပုံစံလေးက ပျော့တိပျော့ဖတ်လေး''

''အင်း...''ထွန်းကို စိတ်မပါစွာသာ ပြောမိသည်

''ဒါပေမယ့် လေဒီရှူးနဲ့ကွ''
ဝသုန်မာန်ကတော့ စိတ်ပါပုံရသည်။မနက်ကတည်းက ဒီအကြောင်းချည်းပဲကို တာဝန်တစ်ခုလို ဦးဆောင်ဆွေးနွေးလာတာ...
အခုထိလည်း မပြီးနိုင်၊မစီးနိုင်။

''tomboyနေမှာပေါ့ကွာ...''

''ဟ...ဝသုန်မာန်ပါကွ
ယောကျာ်းလေးနဲ့ မိန်းကလေး မှားစရာလား!!???''

''အေး မှားလား မမှားလား...တော့မသိဘူး
မနက်ကတည်းက မင်း ငါ့ကို အဲ့လေဒီရှူးကောင်လေးအကြောင်းပဲ ပြောနေတာ''
ထွန်းကိုပြောပြီလေ...

မပြောလို့လည်းမရတော့...
ဒီလောက်ထိ သည်းခံနားထောင်လာတာကို ဒင်းက မတော်နိုင်သေးတဲ့အပြင် စကားပြောတာ အားတောင်ပိုပါလာတယ်

ထွန်းကိုပြောလည်း ပြောသင့်ပါတယ်...
ပုံနှိပ်တိုက်မှာလည်း ထွန်းကိုက လုပ်ငန်းကြီးကြပ်၊
ဝသုန်က စာရင်းတွက်နဲ့မို့ စကားသိပ်ပြောဖြစ်တာမဟုတ်...

အခုမနက်ပိုင်း အလုပ်မသွားခင်ထိုင်နေကြ coffeeဆိုင်မှာလည်း ဒီအကြောင်းပဲဆိုတော့ ထွန်းကိုတင်းလာပုံရတယ်

စိတ်ပေါက်ပေါက်နဲ့ ကော်ဖီတစ်ငုံ ကောက်သောက်လိုက်ရင်း...

''မင်းက အဲ့လောက်ပြောနေရအောင် အဲ့ကောင်လေးကိုကြိုက်သွားလို့လား''

''ဘာာာာ!!!''
ဝသုန်မျက်လုံးကြီး ပြူးပြီးထအော်တော့

''ဟ...ဖလူး ဖလူး...လန့်တာဟ
ဖြည်းဖြည်းအော်ပါ...ပူလိုက်တာ သေပါပြီ''

သေသွားရမှာ...
ဝသုန်စိတ်ထဲက ကျိန်ဆဲမိတာပါ
ဘယ့်နှယ့်...ကိုယ်က ထူးဆန်းလို့ ပြန်ပြောမိပါတယ်
ကြိုက်သွားတယ်တောင် ဖြစ်ရသေး...

လေဒီရှူး-(yaoi story)Where stories live. Discover now