လေဒီရှူး-18

13.2K 1.4K 30
                                    

<zawgyi>

လေဒီရှူး-18(yaoi story )

''ငါ လိုက်ပို့ပေးလိုက်မယ်ဆို...''

''မလိုပါဘူးကွာ သူ့ဘာသာသူ သွားလို့ဖြစ်ပါတယ်...''

''သြ...ငါလိုက်ပို့ပေးလိုက်ပါမယ်ဆို...ကျွတ် မင်း ဘယ်လိုဖြစ်နေတာလဲ''

ဟို ဝသုန်မာန်ဆိုတဲ့ အူကြောင်ကြားကြီး... ကိုလင်းထက်နဲ့
ငြင်းနေခြင်းပါ။

ကိစ္စကလည်း အခြားမဟုတ်...
ယသော့်ကိုလိုက်ပို့ဖို့ ဟိုလူကြီး ယသော်ထက်မသိအောင် တမင်တာကာ ခေါ်ထားပြီးမှ ယသော်ထက်ရဲ့ အပြောခံမထိအောင်
ဟန်လုပ်ပြီး ငြင်းပြနေခြင်းပါ...

တကယ်တော့ ယသော်ထက်သာ သူ့အမကို ပြန်တိုင်ရင် လင်းထက်အထောင်းမခံရအောင် ကြိုရှောင်ထားတာ။
(လင်းထက်က မ.ယ.က=မယားအကြိုက်လိုက်တတ်သူ ဖြစ်လို့ပါ)

ဒီဝသုန်မာန်ဆိုတဲ့ လူကြီးကလည်း ခုရက်ပိုင်း ဘာဖြစ်နေမှန်းကို မသိဘူး။
ညဆိုလည်း တချိန်လုံးဖုန်းတွေ မကိုင်မချင်းဆက်လို့ဆက်နဲ့...

ဖုန်းနံပါတ်ကတော့ ကိုလင်းထက်ဆီက ရတာဆိုတာ ပြောဖို့တောင်မလိုဘူး။
ကိုလင်းထက်ကလည်း တခုခုဆို ဟိုလူကြီးကို သွားသွားပြောနေတာ မသိဘူးများမှတ်နေလား။

ရှေ့နေခလည်း ဘယ်လောက်ရထားလဲ မသိပါဘူး!
ဟိုလူကြီးဘက်က တအားတွေပါနေတယ်

ကိုယ်လိုက်ပို့ရတာမဟုတ်တိုင်း...
လိုက်မပို့ချင်လည်း ပြောပေါ့လို့...
တမင်ခေါ်ထားပြီးတော့မှ ထိုင်ငြင်းပြနေရတယ်လို့...
စိတ်ပေါက်ပေါက်နဲ့ အမကို ကောက်တိုင်လိုက်ရနော်

ဟိုလူကြီးကလည်း တခုခုဆိုတာနဲ့ ချက်ချင်းရောက်လာတာပဲ...

ခုလည်းကြည့်...မနက်ကြီးကို လက်ဖက်ရည်ဆိုင် လိုက်လာပြီး ကိုလင်းထက်ကိုလာရစ်နေတယ်...
အလုပ်လည်း မလုပ်တော့ဘူးလားမသိ
ကိုယ့်အမြင်တော့ ကိုယ့်အနား အကြောင်းမရှိ၊ရှိတာရှာပြီး ရောက်လာတာပဲ မြင်နေရတယ်

အခုလည်း ကိုလင်းက စာရေးဆရာမတယောက်နဲ့ သွားတွေ့ဖို့ရှိတယ်ဆိုလို့ မလိုက်ပို့နိုင်ဘူးပြောရသေးတယ်...
အဲ့လူကြီးက ကွက်တိကြီးရောက်လာတာကိုများ
တိုက်ဆိုင်တာ...ဆိုပြီး လာဖြီးနေကြသေးတယ်။
ဟွန့်...ယသော့်များ ငတုံးမှတ်နေလားမသိ!

လေဒီရှူး-(yaoi story)Where stories live. Discover now