လေဒီရှူး-8

14.5K 1.5K 14
                                    

<zawgyi>

လေဒီရှူး-8(yaoi story)

''ဘာ!!မြောင်းထဲဆင်းပြီး ကြောင်ကယ်တယ်!!
ဟုတ်လား?''
ထုံးစံအတိုင်း ထအော်တဲ့လင်းထက်...

ဖုန်းထဲမှာမဟုတ်ပဲ အပြင်မှာ လူချင်းတွေ့ပြီးပြောတာမို့ toneက ပိုမြင့်သည်
ဝသုန်လည်း နားကွဲတော့မလိုပါပဲ
သူ လည်ချောင်းမကွဲတာကိုသာ အံ့သြတာ...

နေရာကတော့ လင်းထက်ရဲ့ရုံးခန်းပါ...

ဝသုန်မာန် တခါမှမသွားဖူးတဲ့ လင်းထက်ဆီကို တကူးတကသွားပြီး ဟိုကောင်လေး ကြောင်ကယ်တဲ့ကိစ္စကို ပြောနေတယ်ဆိုတာ ကြားရတာတော့ အူကြောင်ကြောင်နိုင်သား...

ဘာကိစ္စနဲ့ အဲ့ဒီလို သွားပြောနေမိတာလဲတော့ မသိ!
ဘာလို့ လင်းထက်ဆီရောက်လာမိမှန်းကိုမသိ!

လူက မနေ့ကကတည်းက အသိစိတ်လွတ်ချင်နေတာလေ...
ဟိုကောင်လေးအကြောင်းမတွေးနဲ့ဆိုတော့ ခေါင်းက အခြားဘာမှတွေးလို့မရ...
ဗလာဖြစ်ချင်နေတယ်

အဲ့တော့ ဒီအတိုင်းပါပဲ...
စိတ်ပြေလက်ပျောက်ဖြစ်မလားဆိုပြီး လာတာပါ
ပြီးတော့...တကဟ်တမ်းက...လင်းထက်ဆီက သိချင်တာလေး နည်းနည်းရှိလို့ပါ

''မင်းက မတားဘူးလား?''
သြ...ကိုယ့်ဘက်ပါ မြှားဦးကလှည့်လာပြန်ပြီ

''တားဖို့နေနေသာသာ...ငါတောင် သူ့ကို မြောင်းပေါ်ကနေဆွဲပေးထားရသေးတယ်။
သူက ငါတွေ့ကတည်းက မြောင်းထဲမှာကွ...
ဘယ်လိုတားမလဲ''

ဝသုန်ပြောလိုက်တော့မှ လင်းထက် စိတ်ပျက်သလိုလိုနဲ့ခေါင်းခါပြီး...
''အေးကွာ...ယသော်က အဲ့လိုပဲ''

အံမယ်...
'ယသော်'...တဲ့
ဝသုန်ဘာမှန်းမသိ တင်းသွားမိတယ်...
သူက ဘာကိစ္စအဖျားဆွတ်ခေါ်ရတာပါလိမ့်?

''တအားလည်း ခေါင်းမာတာ...
လုပ်ချင်တာဆိုလည်း စွတ်ပဲ။သူ့အဖေကလည်း
သူ့သားကို ငယ်ငယ်ကတည်းက နေမကောင်းလို့ဆိုပြီး အလိုလိုက်ထားတာလည်း ပါတယ်။ဘယ်သူ ဘာပြောပြော အဲ့ကောင်လေးက သူလုပ်ချင်တာပဲ လုပ်တာ''

တွေ့လား...
ဘယ်လိုဖြစ်လို့ အတွင်းရေးတွေပါ သိနေရတာလဲ?

ဘယ်လောက်ပဲခင်ခင်လေ...
ဒီလောက်သိနေ...အမ်!
ဝသုန်မာန်!မင်းကကော...မင်းနဲ့ဘာဆိုင်လို့ လိုက်တွေးပူနေရတာလဲ

လေဒီရှူး-(yaoi story)Where stories live. Discover now