လေဒီရှူး-9

14.2K 1.4K 8
                                    


<zawgyi>

လေဒီရှူး-9(yaoi story)

အခုထိ စားပွဲပေါ်ခေါင်းမှောက်ထားတဲ့ ဝသုန်မာန်ကို လင်းထက်ကြောင်ကြည့်နေမိတာ ဘယ်လောက်ကြာပြီမှန်းမသိ...

သူ့ကြည့်နေတာနဲ့ အခုဘယ်အချိန်ရှိပြီလဲမသိ?

သြ...ရုံးနောက်ကျတာက အရေးမကြီးပါဘူး
ဒီကောင်ဘာဖြစ်နေမှန်းမသိတဲ့ကိစ္စကို အရင်ရှင်းရမယ်ဆိုတော့ကား...

''ဝသုန်!!''
ထွန်းကို လေသံမာမာနဲ့ခေါ်လိုက်တာမို့ ဝသုန်မာန် အာရုံဝင်သွားသလို ခေါင်းထောင်လာတယ်

ဒီကိစ္စကို သေချာမေးမယ်ဆိုတော့...

''မင်းက ယသော်ထက်ကို ကြိုက်နေတယ်?''

''အင်း''

''ယသော်ထက်ကို?''

''အင်း''

''မင်းက?''

''အင်း''

''ကြိုက်နေ...''

''အာ...ဟိတ်ကောင်။အတော်ကြားချင်နေလားကွ။
တချိန်လုံးလာမေးနေရအောင်''
ဝသုန်မာန် အာရုံရရုံသာမက တင်းလာပြီးထအော်လိုက်တယ်။

ဘယ့်နှယ့်...
ကိုယ်က ကိုယ့်ကိုကိုယ်မငြင်းနိုင်တော့တဲ့အဆုံးမို့ သူကို ဖွင့်ပြောပြမိပါတယ်
ဘယ်နှခေါက်မေးနေမှန်းမသိ!

''မဟုတ်ဘူးလေကွာ...မင်းပဲပြောတာလေ
မင်းက straightဆို။ငါမင်းကို ယသော်ထက်နဲ့ စ,တုန်းကတောင် ငါ့ဆွဲထိုးမယ်ဆိုပြီး...''

''ဟုတ်တယ်လေ...''

အင်...ဟုတ်သတဲ့
ထွန်းကို ခေါင်းကုတ်မိပြန်သည်...
ခုကြိုက်နေတယ်လည်း ဆိုသေးတယ်!

''အဲ့တာမို့ မင်းကိုငါ ဆွဲထိုးလိုက်လို့ ပြောတာပေါ့''
သြ...ရှင်းသွားတာပဲ

ဟူး...မတွေ့ရတဲ့ နှစ်ရက်အတွင်းမှာ ဘာတွေဖြစ်ခဲ့မှန်းမသိဘူး။
အခုလည်း သေခါနီးရုပ်ဆိုတော့ ဒီအတိုင်းလွှတ်ထားလို့မဖြစ်...

အဲ့တော့လည်း...
ယသော်ထက်နဲ့ ပတ်သတ်ပြီးအကူအညီတောင်းစရာလူဆိုလို့...

#################

ထိုနေ့ရဲ့ညနေအချိန်...
နေရာကတော့ မနက်ကကော်ဖီဆိုင်ကိုပဲ နောက်တခေါက်ပြန်လာကြတာပါ

လေဒီရှူး-(yaoi story)Where stories live. Discover now