လေဒီရှူး-30{final}

17.1K 1.5K 126
                                    

<zawgyi>

လေဒီရှူး-30 (yaoi story)
..................{final}..................

အဝါရောင်ပန်းခင်းတစ်ခုရဲ့ဘေးမှာ အနီရောင်
ပြိုင်ကားလေးတစ်စီး...
ပြိုင်ကားလေးရဲ့ဘေးမှာ ထိုင်နေကြတဲ့
ကောင်လေးနှစ်ယောက်...

အမိုးအကာမရှိတဲ့နေရာမို့ တိုက်နေတဲ့လေကြောင့် ပွကုန်တဲ့ဆံပင်တွေကို နဖူးပေါ်သပ်တင်ရင်း ဘေးနားမှာထိုင်နေတဲ့ ယသော်ထက်ကို ဝသုန်မာန် လှည့်ကြည့်တော့...

ထိုကောင်လေးရဲ့ဆံပင်အုပ်အုပ်လေး လေကြောင့်ပုံပျက်နေတဲ့မြင်ကွင်းက အသည်းယားစရာ။

နေကာမျက်မှန်ရဲ့ အဖြူအမဲဘောင်ထဲက ကြည့်ရတာတောင် အားမရချင်တော့ဘူး...

''အဲ့ဒီတော့...မင်းရဲ့အဖေက သဘောတူလိုက်ပြီပေါ့...''
တိတ်ဆိတ်မှုကိုဖြိုခွဲဖို့ ဝသုန်မေးလိုက်တော့ ပန်းခင်းကိုငေးနေတဲ့ကောင်လေးက လှည့်ကြည့်လာလေရဲ့...

''အင်းပေါ့...သဘောတူလောက်မှာပေါ့လေ။
တူတဲ့ပုံတော့ ပေါ်သား...''

''ဟ...ပုံပေါ်တယ်တော့ မလုပ်နဲ့...
အထိုးခံရတာ ငါလေ...''

ဝသုန်ပြောရင်းနဲ့ မျက်နှာက နေကာမျက်မှန်ကို
ချွတ်လိုက်တော့ မျက်ကွင်းတစ်ဖက်က ညိုချင်နေသလိုလို...
အခုတော့ ရှိုးထုတ်ဖို့ တမင်တကာထည့်လာတဲ့ နေကာမျက်မှန်ကို ညနေကြီးမှာပါ တပ်ထားနေရပြီ။

''ဟား ဟား...''
မျက်မှန်ကြီး ကောက်ချွတ်ပြီး ရန်လာတွေ့နေတော့
ယသော်ထက် ရယ်မိသေးတယ်။
အဲ့မျက်ကွင်းက ညိုညို၊မညိုညို ဒီရုပ်ပဲဟာကို...
သူ့ဖာသာသူ တပ်ထားပြီးတော့များလေ

ယသော်ရယ်နေတဲ့ပုံလေးက ချစ်စရာတော့ကောင်းတယ်လို့ ဝသုန်ထင်မိသား...

မနေ့ညကလေ...
အဲ့ကောင်လေး မေ့လဲသွားလို့ ဆေးခန်းလိုက်ပို့ရတာ...
လန့်သွားရုံလေးမို့ တော်သေးတယ်။
ညတွင်းချင်း ပြန်သတိရလာပြီး ဆရာဝန်ကလည်း
တညလောက်အနားယူလိုက်ရင် ကောင်းသွားမှာပါလို့ ပြောတာမို့ ဝသုန် စိတ်အေးရတာပါ။

ဒါပေမယ့်လည်း ကိုယ့်မှာ စိတ်မချနိုင်လို့ တစ်ညလုံးမအိပ်နိုင်ပဲ ထိုင်စောင့်ခဲ့ရသေးတယ်။
မိုးလင်းခါနီးမှ တမှေးလောက်လေး အိပ်ပျော်သွားမိတာ။
အဲ့တမှေးအတွင်းမှာ နိုးလာပြီး သူ့အဖေကို ဘာပြောလိုက်မှန်းမသိ??!!

လေဒီရှူး-(yaoi story)Where stories live. Discover now