လေဒီရှူး-16

12.9K 1.3K 41
                                    

<zawgyi>

လေဒီရှူး-16(yaoi story)

''တတောင်...တောင်...တောင်...''
မိုးအေးအေးနဲ့ အိပ်နေတုန်းမှာ ဘယ်ကဖုန်း ဝင်လာတာလဲမသိ...

ညနှစ်နာရီလောက်ကြီး ဘယ်သူကများဆက်တာပါလိမ့်??
ဖုန်းသရဲမဟုတ်ရင် ဘာကိစ္စနဲ့များ ဆက်သလဲပဲ...
ဒီအချိန်ကြီး အလိုက်မသိ ဆက်ရတယ်လို့!

တကယ်က ဝသုန်မာန် ဖုန်းမကိုင်ချင်ပါ...
ဒါပေမယ့်လည်း အလုပ်ကိစ္စဖြစ်နေနိုင်တယ် မဟုတ်လား...

''ဟယ်လို...''
ဝသုန် အိပ်ချင်မူးတူးနဲ့ ဖုန်းscreenကိုမကြည့်ပဲ စားပွဲပေါ်ကနေ ဖုန်းကိုယူ၊
ဘယ်ဘက်လား...ညာဘက်လားမသိတဲ့ဘက်ကို screenပေါ်လက်ညှိုးနဲ့ဆွဲရင်း
နားရွက်ဆီကောက်ကပ်လိုက်တယ်...

တဖက်က အသံကြားရရင်တော့ ခုဏက လက်နဲ့ဆွဲလိုက်တာ ဖုန်းကိုင်လိုက်မိပုံရတယ်...

ဒီအချိန်ကြီး ဖုန်းလာဆက်တာ ဘယ်သူမှန်းတော့ မသိပေမယ့် ကိုယ်နဲ့ဖုန်းပြောဖို့ကံပါရင်တော့ callဘက်ကို လက်ဆွဲလိုက်မိလိမ့်မယ်။
မပါရင်တော့ ဖုန်းချတဲ့ဘက်ဆွဲမိမှာပဲလေ...

မတတ်နိုင်ဘူးလေ...
ဒီအချိန်ကြီးမှ ဖုန်းပြောချင်တော့လည်း...
ကံပါရင်တော့ ပြောပေါ့
မပါရင်တော့လည်း မနက်ကြမှ.........

''ဝသုန်မာန်...မင်းကငါ့ကိုပြန်မပြောနဲ့ဆိုတော့ သူငယ်ချင်းလို့ကော မှတ်သေးရဲ့လား...ဟင်???''
အတွေးမဆုံးလိုက်...
တဖက်က ခုနှစ်ချီသံထွက်လာတဲ့အသံကြောင့် ဖုန်းကိုင်လိုက်မိတာ သေချာတယ်ဆိုတာ ဝသုန်မာန်သိလိုက်ရပါတယ်

အိပ်ချင်နေတဲ့မျက်လုံးကို မရ,ရအောင်ပြူးပြီး ဖုန်းcallကို ကြည့်လိုက်တော့ လင်းထက်...
အာ...ဘာလဲကွာ...???
ညဖက်ကြီးလာအော်နေရတယ်လို့...

''အေး...ပြောကွာ...''
အခုထိ အော်သာအော်နေတာ...
ဘာကိုဆိုလိုချင်မှန်းကို နားမလည်။

''ဟိတ်ကောင်...ပြောလုပ်မနေနဲ့...မင်းကဘာလို့ ယသော်နဲ့အဆင်ပြေသွားတာကို ငါ့ကိုမပြောခိုင်းရတာတုန်း''

ကျွတ်...နားလည်းကန်းတော့မှာပဲ...
ညကြီးမင်းကြီး လာအော်နေတယ်။

လေဒီရှူး-(yaoi story)Where stories live. Discover now