Chapter (4)

35K 3.4K 290
                                    

Unicode

************

Qoute - အချစ်ဆိုတာ သူ့ကြောင့် ကိုယ်အကြောင်းပြချက်မရှိဘဲ ပြုံးရယ်နေမိတာမျိုး

******************************************************************************************

* Love Growth*

Pheonix Event Planning co.ltd

ဟုရေးထိုးထားသော ဆိုင်းဘုတ်အကြီးကြီးနှင့် ကြီးမားလှသော ကျွန်းသားတံခါးကြီးကို မြင်လိုက်တာနှင့် လွန်းရတု သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိကာ လက်ထဲတွင်ကိုင်ထားသော အနည်းငယ်ပိန်ချိုင့်ချင်နေပြီဖြစ်သည့် Cupcake ဘူးလေးကို ကြည့်ကြည့်လိုက်မိသည်။

အထဲက Cupcake လေးတွေက Cream တွေ က ပုံပျက်လျက်ရှိနေပြီလေသည်။ တစ်ခုမှကို အကောင်းအတိုင်းမရှိတော့ပေ။ မနက်ကတည်းက ကျောင်းကနေ ရှင်းခန့်မောင် မသိအောင်ခိုးထွက်။ အလုပ်လုပ်တဲ့ဆိုင်ကိုသွားကာ ကြိုးစားပမ်းစားလုပ်ခဲ့ရတဲ့ Cupcake လေးတွေကာ အခုတော့ အကုန်ပျက်ဆီးကုန်ပြီဖြစ်လေသည်။ လွန်းရတု ငိုပင် ငိုချင်သွားရသည်။

ဇီဇာကြောင်ကာ ဒေါသကြီးလွန်းသည်လို့ နာမည်ကြီးတဲ့ ဦးနေဦးထွဋ်ဆိုတဲ့ ဒီCompany က သူဌေးကို ဘယ်လိုရင်ဆိုင်ရပါမည်လဲ။ အပြောအဆိုခံရတာက ကိစမရှိ။ လွန်းတို့ Bakery နာမည်ပျက်မည်လေ။ ဆိုင်ပိုင်ရှင် ဝမ်းကွဲအစ်မကလည်း လွန်းကို ဆိုင်တွင် အလုပ်ပေးလုပ်မည် မဟုတ်တော့သည့်အပြင် မိုးကုတ်က အဒေါ်တွေ ဒီလိုမျိုး လုပ်နေတယ်ဆိုတာ သိသွားပါကာ ချက်ချင်းပင် လွန်းကို ပါဆယ် ထုတ်ကာ ပြန်ခေါ်ပေလိမ့်မည်။

ထိုသို့သော အဖြစ်မျိုး လွန်းလုံးဝအဖြစ်မခံပါ။ ကိုယ်ဝါသနာပါရာ အလုပ်လုပ်ချင်ပြီး ကိုယ့်ဘဝကို ကိုယ်ကျောင်းချင်သဖြင့် ကိုကိုရှင်းခန့်မောင်ကို မနည်းပူဆာကာ ရန်ကုန်တွင် ခက်ခက်ခဲခဲ ကျောင်းလာတက်လို့ရခဲ့တာဖြစ်သည်။ ဒီလို ကိစမျိုးလေးလောက်နဲ့ ပြသနာ အဖြစ်ခံလို့မဖြစ်။

ဒီသူဌေးဒေါသကြီးတယ်ဆိုရင်တောင် ဘယ်လောက်ကြီးနိုင်မှာမို့လို့လဲ။ သေချာတောင်းပန်ပြီးဆွေးနွေးကာ လွန်းတို့နဲ့ဘဲ အလုပ်အပ်ဖို့ပြောရမည်။ လွန်းလုပ်နိုင်တယ်ဆိုတာကို လူတွေကို ပြချင်သည်။

My Crush Is A FujoushiWhere stories live. Discover now