Chapter (28)

24.5K 2.3K 99
                                    

Unicode

**************

🚨🚨Notice - အခု ဒီအပိုင်းကို ဖတ်နေသူများသည် စာမေးပွဲမရှိသူများ၊ စာမေးပွဲပြီးသွားသူများသာ ဖြစ်သင့်ပါသည်။ စာမေးပွဲနီးနေသူများ ဖတ်နေခြင်း မဟုတ်ဘူးဟုသာ မျက်စိမှိတ်ယူဆထားပါသည်။ တက္ကသိုလ်ကျောင်းသားများ ဖြစ်သည့်အတွက် ကိုယ်စာရသည်မရသည်၊ အခုအချိန်တွင် ဘာလုပ်နေသင့်သည်ဆိုတာကို ကိုယ်တိုင် အကောင်းဆုံးသိနေမည် ဆင်ခြင်နိုင်မည်ဟု ယုံကြည်ပါသည်။ 🚨🚨

****************************************************************************************

ကားထဲတွင် Justin Bieber နှင့် Cody Simpson တို့နှစ်ယောက်၏ Collaboration သီချင်းဖြစ်သော Home To Mama သီချင်းက ပျံလွင့်နေသည်။

ဖေဖော်ဝါရီလ အစပိုင်း ဖြစ်သောကြောင့် နံနက်ခင်းက အအေးဓာတ်ခပ်စိမ့်စိမ့်လေးနှင့်အတူ ကားထဲတွင်ဖွင့်ထားသော အဲယားကွန်းလေကြောင့် နေလို့အလွန်ကောင်းသော အခြေအနေ။ ကြည်လင်နေသော စိတ်တို့ကြောင့် ရှင်းခန့်မောင် ကားမောင်းရင်း ဖွင့်ထားသော သီချင်းကို ခပ်ကျယ်ကျယ်လိုက်ဆိုမိရသည်။

( Background Music - Home To Mama by Justin Bieber and Cody Simpson )

''The one I wake up thinking about

The one I can run to when I , feeling down''

ခဏနေ ကျောင်းကန်တင်းတွင် မုန့်တူတူစားဖို့ ချိန်းထားသော စုံစုံ့အကြောင်းကို တွေးလိုက်မိကာ သီချင်းထဲကို ပိုစိတ်ရောက်သွားပြီး သီချင်းကို Mood အပြည့်ထည့်ကာ လိုက်ဆိုနေမိတာဖြစ်သည်။

'' Life is all good when you're around ..

Girl nobody from the past is , beating you right now.. ''

'' ကိုကို အသံကို နည်းနည်းလောက်တိုးပေးလို့မရဘူးလားဗျာ... ''

သီချင်းကို အားရပါးရဆိုနေတုန်း ဘေးနားကနေ ခပ်ဆတ်ဆတ်ထွက်လာတဲ့ လွန်းရတုရဲ့ အသံ။

ရှင်းခန့်မောင် သီချင်းဆိုနေရာကနေ ဆန့်ငင် ဆန့်ငင်ပင် ဖြစ်သွားလေသည်။ ဘေးနားတွင် ထိုင်နေသော လွန်းရတုကို နားမလည်သလို ကြည့်လိုက်မိသည်။ အရင်တုန်းကဆိုရင် မနက်တိုင်း ကျောင်းသွားလို့ ကားပေါ်မှာ သီချင်းဖွင့်ထားရင် သူကပါ သီချင်း တညည်းညည်းလုပ်နေတတ်တာဖြစ်သည်။ ဒီကောင်လေး ဒီတစ်ရက်နှစ်ရက်တွင် အရမ်းကို ထူးဆန်းနေသည်။ တစ်ရက်ထက် တစ်ရက် ပိုပြီးတော့ စိတ်တိုလွယ် Senstitive ဖြစ်လွယ်လာလေသည်။ ဘာစကားမှလည်း သိပ်မပြောတော့ဘဲ တစ်ချိန်လုံးမျက်မှောင်လေး ကုတ်ကာ တစ်စုံတစ်ခုကို အလိုမကျဖြစ်နေတတ်သည်။

My Crush Is A FujoushiWhere stories live. Discover now