Chapter (31)

24.5K 2.6K 146
                                    

Unicode

**************

စုံစုံ သည် မိမိ မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းရဲ့ အဓိပ္ပာယ်ကို သေချာ သဘောပေါက်နိုင်ခြင်း မရှိသေးပေ။

မိမိအစ်ကို နေဦးထွဋ် ။ ထို့နောက် နေဦးထွဋ်ရဲ့ နံဘေးတွင် မိမိကို မျက်လုံးပြူးလေးနှင့် ကြည့်နေသော လွန်းရတု။ လွန်းရတုရဲ့ အကြည့်များတွင် အံ့သြခြင်းများနှင့်အတူ အထိတ်တလန့် ဟန်ပန်များပါ ရှိနေသည်ဆိုတာကို စုံစုံ သိလိုက်သည်။

စောစောက လွန်းရတုရဲ့ ပါးလေးတစ်ဖက်ကို ချစ်စနိုးဖြင့် ဆွဲနေသော နေဦးထွဋ်၊ ရှက်ရဲရဲ မျက်နှာဖြင့် နေဦးထွဋ်ကို ကြည့်နေသော လွန်းရတု။

ဒီအခြေအနေက ပွင့်လင်းမြင်သာလွန်းနေသော အခြေအနေ။

စုံစုံ ချက်ချင်းပင် နေဦးထွဋ်တို့ ရပ်နေသော အနားကို လျှောက်သွားကာ မေးလိုက်မိသည်။

'' လွန်း.. ကလေး.. ကလေးက ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ..

လွန်းကို မေးလိုက်တော့ လွန်းရဲ့ မျက်လုံးလေးတွေ ပိုပြူးသွားကာ အဖြေရကျပ်နေဟန်။

'' မမစုံနဲ့ ဦးလေးကြီးနဲ့က သိနေကြတာလား... ''

စုံစုံ စိတ်စောစွာဖြင့် ပင် ဘေးတွင် စုံစုံ့အဖြစ်ကို နားမလည်နိုင်ဟန်ကြည့်နေသော နေဦးထွဋ် ကိုမေးလိုက်မိသည်။

'' ကိုကြီးနဲ့ သိနေတာလား.. ကိုကြီးကလေးက လွန်းဖြစ်နေတာလား.. ''

ထိုအခါ နေဦးထွဋ်က အေးဆေးစွာပင် ခေါင်းငြိမ့်ပြပြီး လွန်းရတု ဘက်ကို ကြည့်ကာ ပြန်မေးသည်။

'' ကလေး စုံစုံနဲ့ သိနေတာလား.. ဟုတ်လား.. ''

သုံးယောက်လုံး တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေသာ တစ်ယောက်တစ်လှည့်စီမေးနေကြသော်လည်း အဖြေကတော့ ထွက်ကျမလာပေ။

နေဦးထွဋ် လွန်းကို ကြည့်ကာ မေးလာသော်လည်း လွန်း ဘာဖြေလို့ ဖြေရမယ်မှန်းမသိဖြစ်နေသည်။ နေဦးထွဋ် ပြောသော နေဦးထွဋ်ရဲ့ ညီမဆိုသူသည် မမစုံနံ့သာ ဖြစ်နေလိမ့်မည်ဆိုတာ လွန်း လုံးဝ မမျှော်လင့်ထားမိသော အရာ။

My Crush Is A FujoushiWhere stories live. Discover now