Chapter (5)

37.4K 3.5K 273
                                    

Unicode

**********

''ငါ Crush တွေ့နေပြီကွ..''

''ဘာ.''

''ဘယ်လို''

''တကယ်ကြီး''

ကျောင်းအဆင်း လှည်းတန်းတွင်ရှိသော လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနဲ့အတူ ထိုင်နေကြရင်း ရုတ်တရတ် အရင်းမရှိ အဖျားမရှိပြောလိုက်သော ရှင်းခန့်မောင် စကားကြောင့် စားပွဲတွင် တူတူ ထိုင်နေကြသော လွန်း အပါအဝင် ရှင်းခန့်မောင်ရဲ့ သူငယ်ချင်းတွေ ဖြစ်ကြသည့် သုတနှင့် သော်တာ အမွှာနှစ်ယောက်ကပါ မျက်လုံးပြူးမျက်ဆန်ပြူးလျက် အံ့သြသွားကြလေတော့သည်။

သုတနှင့် သော်တာသည် မန္တလေးတွင် ရှင်းကျောင်းတက်ခဲ့စဉ်က ပေါင်းခဲ့သော သူငယ်ချင်းး အမွှာမောင်နှမဖြစ်ပြီး ဒုတိယနှစ်တွင် ရန်ကုန်ကို ပြောင်းသွားခဲ့ကြခြင်းဖြစ်ကာ ရှင်းရန်ကုန်ကိုပြောင်းလာချိန်တွင် ပြန်လည်ပေါင်းစုံမိကြခြင်းဖြစ်သည်။

''ကိုကိုတော့ မိုးကုတ်သူလေးတွေကို ချေခဲ့သမျှ ရန်ကုန်သူလေးတစ်ယောက်ကို ကြွေကျသွားပြီထင်ပါ့''

ရှင်းတွင် တစ်ခါမှ သဘောကျသည့်မိန်းကလေးရှိလာသည်ဆိုတာ မရှိခဲ့သဖြင့် လွန်းဝမ်းသာ အားရပြောမိသည်။ ကိုကိုရှင်းခန့်မောင် တစ်ယောက် Crush တွေ့နေပြီိဆိုရင် လွန်းဘက်ကို သိပ်အာရုံစိုက်နိုင်မည် မဟုတ်တော့ဘူးဆိုတာ သိနေသဖြင့် ကြိတ်ပြီးတော့လည်း ပျော်နေမိလေသည်။ ထို့အပြင် တစ်ချိန်လုံးမိမိနှင့် ပတ်သက်ပြီး အိမ်က အမြဲနားပူတာ ဆူပူတာကို ခံနေရသည့် အစ်ကိုဖြစ်သူကို ပျော်ရွှင်စေချင်သဖြင့် အစွမ်းကုန်ကူညီပေးချင်တာဖြစ်လေသည်။

''ဘယ်သူလဲကွ ရွှန်းလဲ့ရတီလား..''

သုတက ရှင်းကို ပြုံးစိစိကြည့်ကာ မေးလာသည်။ ရှင်းက ခပ်ပြုံးပြုံးဖြင့် ခေါင်းခါပြလေသည်။ ချောမောလှပပြီး နူးညံ့ကာ မိန်းမဆန်သော မိန်းကလေးမျိုးသည် ရှင်းအကြိုက် ရှင်း Type မဟုတ်ပေ။

ရှင်းကြိုက်တာ ကြည့်လိုက်တာနှင့် ပေါ့ပါးလန်းဆန်းသွက်လက်နေပြီး အပြစ်ကင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးမျိုးကို သဘောကျတာဖြစ်သည်။ ပြောရမယ်ဆိုရင်တော့ စုံနံ့သာလို မိန်းကလေးလိုမျိုးလေးပေါ့။

My Crush Is A FujoushiWhere stories live. Discover now