Epilogue

33.8K 2.7K 154
                                    

Unicode

**************

ကားပေါ်ကနေ တစ်ခုတည်းသော Luggage ကို ကူချပေးနေသော မျက်နှာငယ်လေးနှင့် လွန်းကို ကြည့်ပြီးတော့ ရှင်းခန့်မောင် စိတ်မကောင်း။

လွန်းတစ်ယောက်တည်း ရန်ကုန်မှာ ကျန်ခဲ့လျှင် ရှင်းခန့်မောင် ရှိနေတုန်းကလို လွတ်လွတ်လပ်လပ် နေရရှာတော့မည် မဟုတ်။

'' ကိုကို စာမေးပွဲဖြေဖို့ တစ်ပတ်လိုသေးတယ်.. စိတ်ပြောင်းသေးရင် ပြန်လာဖြေလို့ ရတယ်နော်.. ကိုကိုက စာမကျက်ဘဲ ဖြေရင်တောင် အေးဆေး အောင်နိုင်တာဘဲကို.. ''

လွန်းပြောတော့ ရှင်းခန့်မောင် ပြုံးရုံတင် ပြုံးပြလိုက်မိသည်။ ရှင်းခန့်မောင် စိတ်တွေ အနည်ထိုင်ဖို့ စာမေးပွဲဖြေချင်စိတ်ရှိဖို့၊ စုံစုံ့ကို ရင်ဆိုင်နိုင်ဖို့က တစ်ပတ်အချိန်ယူရုံနှင့် မလောက်ငနိုင်ဘူးဆိုတာကို ရှင်းခန့်မောင် ကိုယ့်ကိုယ်ကို သာ အသိဆုံးဖြစ်သည်လေ။

လွန်းက နှာခေါင်းလေးရှုံ့ကာ မကျေမနပ်နှင့် ပြောလာသည်။

'' မမစုံ တကယ်ကြီးကို ရက်စက်တာ.. လုံးဝကို ရောက်မလာဘူးဗျာ.. ''

'' သူငါ့ကို မချစ်လို့ နေမှာပါကွာ.. အရမ်းကြီးဖိအားတွေ မပေးပါနဲ့တော့.. ဖြစ်သင့်လို့ ဖြစ်လာရတယ်ဘဲ သဘောထားလိုက်ပါတော့.. ကဲ ပြန်တော့ စောစော.. တော်ကြာ အိမ်က ကြီးကြီးက ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေဦးမယ်.. ငါမရှိတုန်းလည်း ရန်ကုန်မှာ ကောင်းကောင်းနေဦး.. ''

ရှင်းက ထိုသို့ပြောတော့ လွန်းက ငိုမဲ့မဲ့ဖြင့် ခေါင်းငြိမ့်ပြသည်။

ရှင်းခန့်မောင်က လွန်းရဲ့ ပုခုံးလေးတစ်ဖက်ကို ခပ်ဖွဖွပုတ်ကာ ထပ်ပြောသည်။

'' စုံစုံ့အစ်ကိုနဲ့ ပတ်သက်လို့ မင်းငါ့အတွက် စဉ်းစားပေးနေစရာ မလိုဘူးနော်.. မင်းဘယ်လိုဘဲ ဆုံးဖြတ်ဆုံးဖြတ် မင်းအစ်ကို တစ်ယောက်အနေနဲ့ မင်းဘက်မှာ ငါ အပြည့်အဝနေပေးမယ်ဆိုတာ ခေါင်းထဲ ထည့်ထား.. ဟုတ်ပြီလား..''

လွန်းက ခေါင်းလေးရမ်းပြသည်။

'' မမစုံ ကိုကို့ကို ပြန်မကြိုက်ရင် ကျွန်တော်လည်း ဦးလေးကြီးကို ပြန်မကြိုက်ဘူးလို့ ဆုံးဖြတ်ထားတာ.. ယောက်ျားဆိုတာ ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိကို တည်ရတယ်..''

My Crush Is A FujoushiWhere stories live. Discover now