Chapter (8)

30.5K 2.9K 183
                                    

Unicode

**********

သောကြာနေ့ ကျောင်းဆင်းချိန်။

ယမုံနှင့် စုံစုံတို့နှစ်ယောက် စကားတပြောပြော နှင့် ကျောင်းအထွက်ဂိတ်နားကို လျှောက်လာကြလေသည်။ လေအိုးမကတော့ ကျောင်းကား နောက်ကျမည်စိုးသဖြင့် အတန်းလွှတ်ကတည်းက ပြေးထွက်သွားတာ ဖြစ်သည်။

ယမုံနှင့် စုံစုံကတော့ လှည်းတန်းတွင် သင်တန်းတစ်ခုရှိသေးသည်ဖြစ်သဖြင့် ကျောင်းကနေ နှစ်မှတ်တိုင်စာမျှဝေးသော လှည်းတန်းကို လမ်းလျှောက်သွားကြမည်ဖြစ်သည်။ စုံစုံတို့ကျောင်းတွင် တက်သော ကျောင်းသားအများစုကလည်း အများအားဖြင့် ကျောင်းမှ လှည်းတန်းသို့ လမ်းလျှောက်ပြန်ကျတာဖြစ်သည်။ ဒါကြောင့် ကျောင်းဆင်းချိန်ဆိုလျှင် စုံစုံတို့ကျောင်းမှ လှည်းတန်းအထိကို လမ်းလျှောက်သူများနှင့် လူစည်နေတတ်လေသည်။

စုံစုံနှင့် ယမုံက စကားတပြောပြောနှင့် အထွက်ဂိတ်ဘက်လျှောက်လာရင်း စုံစုံ့ မျက်လုံးတွေက အထွက်ဂိတ် တစ်နေရာကိုရောက်သွားပြီး ခြေလှမ်းတို့က တုန့်ခနဲရပ်သွားကာ ဘေးက ဘာမှသတိမထားမိဘဲ လမ်းဆက်လျှောက်မည်ပြင်နေသော ယမုံလက်ကို ဖျတ်ခနဲဆွဲလိုက်ကာ တားလိုက်သည်။

အရှိန်ဖြင့် စကားပြောကာ လမ်းလျှောက်နေသော ယမုံမှာ စုံစုံလက်မောင်းကို အတင်းလှမ်းဆွဲကာ တားလိုက်တာကြောင့် လက်နာသွားပြီး မျက်နှာကိုရှုံ့မဲ့ကာ စူဆောင့်ဆောင့်ဖြင့် မေးလာလေတော့သည်။

''နင့်အားကြီးနဲ့ အတင်းဆွဲတာ နာတယ်ဟဲ့.. ''

ယမုံက ပြောလည်းပြော စုံစုံ့လက်မောင်းကို တဖျတ်ဖျတ်ဖြင့် ပြန်ရိုက်ကာ ကလဲ့စားချေပါတော့သည်။ သို့သော်ငြား စုံစုံ့မှာ ယမုံတဖျတ်ဖျတ်ရိုက်နေတာကို နည်းနည်းလေးမှစိတ်မဝင်စားအားဘဲ ကျောင်းအထွက်ဂိတ်ဝကိုသာ ပြုံးစိစိမျက်နှာဖြင့် ကြည့်ကာ ပြောပါလေတော့သည်။

''ဟိုမှာကြည့်စမ်း .. ငါ့ OTP လေးနှစ်ယောက် .. ချစ်ဖို့ကောင်းလိုက်တာ ဆိုတာ.. ''

အထွက်ဂိတ်ဝကို ကြည့်ကာ ပြောနေသော စုံစုံမျက်နှာလေးက ကျေနပ်ခြင်းတွေ အပြည့်။ မိခင်က ချစ်သူရသွားသော သားဖြစ်သူကို ကျေနပ်ခြင်းအပြည့်ဖြင့် ကြည့်သော အကြည့်မျိုး။

My Crush Is A FujoushiWhere stories live. Discover now