Chapter (35)

21.7K 2.4K 116
                                    

Unicode

*******************

'' မိစုံ..''

ရုတ်တရတ် စုံစုံရှိနေသော မီးဖိုချောင်ထဲကို ဝုန်းခနဲ ဝင်လာသော နေဦးထွဋ် ကြောင့် ခေါက်ဆွဲပြုတ်နေသော စုံစုံမှ လန့်သွားရလေသည်။

နေဦးထွဋ်ရဲ့ ပုံစံက နောက်က ကျားလိုက်လာသဖြင့် ကမန်းကတန်းပြေးလာရသော ပုံစံမျိုး။

မျက်နှာလည်း ပျက်ယွင်းနေသဖြင့် ကိစ္စ တစ်စုံတစ်ခု ဖြစ်လာမှန်းအရမ်းကို သိသာ လွန်းနေတော့တာ။

'' လန့်လိုက်တာ ကိုကြီးရာ.. ဘာဖြစ်လာတာတုန်း ''

စုံစုံက ထမင်းစားပွဲပေါ်တွင် ထိုင်နေကာ Cup Ramen ဘူးထဲကို ရေနွေးလောင်းထည့် ရင်း မေးလိုက်သည်။ နေဦးထွဋ် ထမင်းစားခန်းထဲကို ဝင်လာပြီးတော့ စုံစုံ့မျက်စိရှေ့တွင် ဝင်ထိုင်လိုက်သည်။ နေဦးထွဋ် လွန်းထံမှ ခြိမ်းခြောက်စကားကြားပြီးပြီး ချင်း စုံစုံ့ထံကို ရောက်လာခဲ့တာ ဖြစ်သည်။

စုံစုံမှ မကူညီရင် နေဦးထွဋ်တစ်ယောက် လွန်းရတုနှင့် ဝေးရကိန်းရှိသည် မဟုတ်ပါလား။ ဒါမျိုးတော့ အဖြစ်မခံနိုင်။ စုံစုံ့ကို ဖျောင်းဖျကြည့်မှကို ရတော့မည်။

'' နင်.. ရှင်းခန့်မောင်ကို ပြန်ကြိုက်ဖို့ အစီအစဉ်ရှိတယ်မလား... ''

စုံစုံ့ မျက်နှာ ပြုံးစိစိဖြစ်နေရာမှ ခပ်တည်တည်လေး ပြန်ဖြစ်သွားသည်။

'' ဘာတွေ လာမေးတာလဲ ကိုကြီး.. ''

နေဦးထွဋ် စိတ်မရှည်ဟန်ဖြင့် ထပ်ဖြေလိုက်သည်။

'' လွန်းရဲ့ အစ်ကို ကို ပြောတာလေ.. နင်ပြန်ကြိုက်ဖို့ အစီအစဉ် ရှိတယ် မလားလို့.. ''

စုံစုံက ခပ်တည်တည် မျက်နှာလေးဖြင့်ပင် ခေါင်းကို ဖြေးဖြေးချင်းခါလိုက်ပြီးတော့ ပြန်ဖြေသည်။

'' ရှင်းခန့်မောင် အကြောင်းဆိုရင်တော့ ဆက်မပြောချင်ဘူး.. ''

နေဦးထွဋ် မျက်နှာ သနားစရာ ဖြစ်သွားသည်။ စုံစုံ့ ပုံစံနှင့် လေသံက တကယ့်ကို ဆုံးဖြတ်ချက် ချထားသော ပုံစံမျိုး။ နေဦးထွဋ် စကားဆက်ရခက်သွားသည်။

My Crush Is A FujoushiWhere stories live. Discover now