Chapter (27)

23.3K 2.4K 160
                                    

Unicode

*************

🚨🚨Notice - အခု ဒီအပိုင်းကို ဖတ်နေသူများသည် စာမေးပွဲမရှိသူများ၊ စာမေးပွဲပြီးသွားသူများသာ ဖြစ်သင့်ပါသည်။ စာမေးပွဲနီးနေသူများ ဖတ်နေခြင်း မဟုတ်ဘူးဟုသာ မျက်စိမှိတ်ယူဆထားပါသည်။ တက္ကသိုလ်ကျောင်းသားများ ဖြစ်သည့်အတွက် ကိုယ်စာရသည်မရသည်၊ အခုအချိန်တွင် ဘာလုပ်နေသင့်သည်ဆိုတာကို ကိုယ်တိုင် အကောင်းဆုံးသိနေမည် ဆင်ခြင်နိုင်မည်ဟု ယုံကြည်ပါသည်။ 🚨🚨

****************************************************************************************

လွန်းသည် စာသင်ချိန် ဆရာအတန်းဝင်နေချိန်တွင် မိမိမျက်စိရှေ့ စာသင်စားပွဲပေါ်တွင် တင်ထားသော ဖုန်း Screen လေးကို တစ်ချက်ကြည့်လိုက်မိသည်။

ဖုန်း Screen လေးက ငြိမ်သက်လျက် မတုန်မလှုပ် ။ မနက်ကတည်းက ဖုန်းလေးက အသက်မဝင်။

ထို့နောက် ရှေ့တည်တည့်တွင် စာသင်နေသော ဆရာမ နောက်က Whiteboard အပေါ်တွင် တပ်ထားသော နံရံကပ်နာရီကိုလည်း မျက်လုံးအကြည့်တို့က ခဏခဏ ရောက်နေသည်။

နာရီလက်တံလေးက အနောက်ဘက်ကို ရောက်ရောက်လာလေ လွန်းရဲ့ စိတ်ထဲက အလိုမကျမှုတွေက ပိုပြီးတော့ ပမာဏတိုးလာလေဖြစ်နေသည်။

ဖုန်းလေးကို နောက်တစ်ခေါက် ကြည့်လိုက်မိပြန်သည်။ လွန်းရဲ့ ဖုန်းလေးက လွန်းစားပွဲပေါ်မှာ ချထားတဲ့အတိုင်း နည်းနည်းလေးမှကို မလှုပ်။

အခုက ၁၁နာရီခွဲရှိနေပြီ။ နေ့တစ်နေ့ရဲ့ နေ့လည်ပိုင်းဆိုတဲ့ အချိန် ရောက်လာသည်အထိ နေ့စဉ် ပုံမှန်ရောက်လာနေကြ '' ကလေးကို အရမ်းချစ်တယ် '' ဆိုသောText Message လေးက ရောက်မလာသေးပေ။

မနေ့က မနက်ကအထိ ဖုန်းဆက်ပြီးတော့ ချစ်တယ်ပြောနေသေးတဲ့ နေဦးထွဋ် ဆိုတဲ့လူကြီး မနေ့ညက ရှင်းခန့်မောင်နှင့် ထိပ်တိုက်တွေ့ကာ စကားတွေ အများကြီးပြောပြီး ပြန်သွားပြီး နောက်ပိုင်း လွန်းကို အခြေအနေ သတင်းပြန်မပို့သလို အခု မနက် တစ်မနက်လုံးလည်း စာမလာ သတင်းမကြား။

လွန်းရဲ့ ခေါင်းထဲကို အတွေးပေါင်းများစွာ ဝင်ရောက်လာပြီးတော့ စာထဲကိုတောင် အာရုံစိုက်လို့မရနိုင်။

My Crush Is A FujoushiWhere stories live. Discover now