Chapter (6)

36.1K 3.3K 250
                                    

Unicode

**********

ဒီနေ့က စုံစုံတို့ တက္ကသိုလ်ရဲ့ Fresher Welcome နေ့အတွက် ကျောင်းသားကျောင်းသူများရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို အစမ်းလေ့ကျင့် Reherasal လုပ်ပေးသည့်နေ့။ ပထမနှစ်ကျောင်းသား ကျောင်းသူလေးများကို ကျောင်းမှ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပေးကာ ကျောင်းအကြောင်း မိတ်ဆက်ကာ ရှင်းလင်းတင်ပြပေးခြင်း နှင့် ဘာသာရပ်လိုက်အလိုက် Senior ကျောင်းသားကျောင်းသူများက ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ပေးခြင်း နှင့် မုန့်ကျွေးခြင်း တို့ကို ပြုလုပ်ပေးခြင်းဖြစ်လေသည်။

ယမုံနှင့် လေအိုးက ဂျပန်ဘာသာ တတိယနှစ်မှ EC များဖြစ်သည့်အတွက် ဂျပန်ဘာသာမှတာဝန်ယူ တင်ဆက်ဖျော်ဖြေပေးသူများ Rehearsal လုပ်ခြင်းကို ကြီးကြပ်ဖို့နှင့် လိုအပ်တာကို ကူညီပေးဖို့အတွက် ကျောင်းပွဲကျင်းပသည့် ဟောခန်းကိုရောက်ရှိနေကြခြင်းဖြစ်လေသည်။ ယမုံနဲ့ လေအိုးတို့ သူငယ်ချင်းဖြစ်သည့် စုံစုံကလည်း သူငယ်ချင်းတွေနှင့် ကပ်ပါလာရသည်ပေါ့။

ကျောင်းပွဲကိစ္စကူညီပေးလျှင် အတန်းမတက်လည်း Roll Call အလကားရသည်။ ကန်တင်းသွားလို့ Mobile လှည့်တဲ့ ဆရာမတွေနဲ့ တိုးရင်တောင် အကြောင်းပြလို့ကောင်းသည်လေ။

''ဟယ်.. ရှင်း..''

စုံစုံတို့ သူငယ်ချင်းသုံးယောက် စတိတ်စင်ရှိသည့် ဟောခန်းထဲကို ဝင်လိုက်တာနှင့် လေအိုးမက ရေရွတ်လိုက်သဖြင့် စုံစုံစတိတ်စင်ပေါ်ကို လှမ်းကြည့်လိုက်မိသည်။ ရှင်းခန့်မောင်က ထိုင်ခုံပေါ်တွင် ထိုင်လျက် Guitar ကိုကိုင်ကာ ကိုယ်တိုင်တီးခတ်ရင်း သီချင်းတစ်ပုဒ်ကို ဆိုနေသည်ကိုတွေ့လိုက်ရလေသည်။ စုံစုံတို့ဝင်လာသည်ကို မြင်တော့ ရှင်းက စတိတ်စင်ပေါ်ကနေ လက်လှမ်းပြကာ ပါးချိုင့်ခွက်ဝင်သွားသည်အထိ ပြုံးပြသည်ကိုတွေ့လိုက်ရလေသည်။

သတင်းကြားထားတဲ့အတိုင်း ရှင်းခန့်မောင်က Fresher Welcome မှာ သီချင်းဆိုတော့မည်ပေါ့။

''ဟိုမှာတွေ့လား ရွှန်းလဲ့ရတီ စင်အောက်ကနေ ရှင်းကို ကြည့်နေတာ .. အမှန်ဆိုသူက E Major EC လည်းမဟုတ်ဘဲနဲ့ Rehearsal ကို လာစရာကိုမလိုတာ.. ရှင်းရှိလို့ တမင်လာတာ.. အရမ်းသိသာတယ်..''

My Crush Is A FujoushiWhere stories live. Discover now