Chapter (13)

28.3K 2.5K 126
                                    

Unicode

**********

ဒီနေ့က Christmas နေ့။

ရှင်းခန့်မောင် စုံစုံနှင့် နှစ်ယောက်တည်း စကားပြောဖို့ ချိန်းထားသည့်နေ့ဖြစ်သည်။ မိုးကုတ်တွင်နေတုန်းကရော၊ မန္တလေးတွင် ကျောင်းတက်နေစဉ်အချိန်တုန်းကပါ မိန်းကလေး တစ်ချို့နှင့် Date သဘောမျိုးတွေ့ဆုံခဲ့သော်ငြား ဒီလိုမျိုး ရင်ခုန် စိတ်လှုပ်ရှားခဲ့ရတာမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။

လွန်းရတုသည်ပင် ရှင်းခန့်မောင်ကို ကြည့်ပြီးတော့ အံ့သြနေတာဖြစ်သည်။

''ကိုကို.. တကယ်ကြီး မမစုံကိုကြွေနေတာဘဲ'' ဆိုသော မှတ်ချက်ကိုလည်း ခဏခဏပေးလေသည်။

ချိန်းထားတာ နေ့လည် (၃) နာရီကို မနက်ကတည်းက ဝတ်ဖို့ အကျီရွေး လူတစ်ကိုယ်လုံးကို စိတ်တိုင်းကျ ပြင်ဆင်ပြီးတော့မှ ထွက်လာခဲ့တာဖြစ်သည်။

ဒါတောင် လွန်းရတုဆိုတဲ့ ကိုယ်တော်ချောလေးကို ကတိအထပ်ထပ်ပေးကာ စုံစုံယုံလောက်မည့် ဇာတ်လမ်းမျိုးကို စည်းဝါကိုက်ပေးဖို့ တောင်းဆိုထားခဲ့ရတာ။

မုန့်ဖိုးလည်းပေးရသည်။ ရှင်းခန့်မောင် သိပ်သဘောမကျသည့် CEO လူကြီးရဲ့ရုံးခန်းရှေ့ထိလည်း လိုက်ပို့လိုက်ရသည်။ ချေတာလည်း ခံလိုက်ရသည်လေ။

စုံစုံ့ဆီက ယုံကြည်မှုကို လိုချင်မှတော့ စတေးသင့်တာ စတေးရမည်ပေါ့လေ။

ဒီလိုနှင့် Junction City Office Tower နှင့် Shopping Centre ထဲဝင်သည့် ကားပါကင်နားမှာ ကားကိုခဏရပ်ပေးပြီးတော့ ကားပေါ်က ဆင်းမည့်ဟန်ပြင်နေသော လွန်းကို သေချာမှာရသည်။

''မင်းကိုငါ စိတ်ချမယ်နော်.. လုပ်ချင်တာလုပ်တာကလုပ်လို့ရတယ်.. မဟုတ်တာတော့ မလုပ်နဲ့.. အိမ်ကိုလည်း တန်းတန်းမတ်မတ်ပြန်.. အရမ်းကြီးနောက်မကျစေနဲ့.. ငါကြီးကြီးကို အကြာကြီးဖုံးမပေးထားနိုင်ဘူး..''

ကိတ်မုန့်ဗူးလေးကိုင်ကာ ကားပေါ်က ဆင်းသွားသော ကားထဲက ရှင်းကို ပြန်လှည့်ကြည့်ရင်း လွန်းရတုက မျက်နှာလေးကို ပြုံးစိစိလုပ်ပြကာ ပြန်ပြောသည်။

''ကိုကိုသာ ကိုယ့်အရှုပ်ထုပ် ကိုယ်နိုင်အောင်ရှင်း.. ကျွန်တော်က ပိုက်ဆံရမယ့်အလုပ်လုပ်နေတာ .. ကိုကို့လို နှာခေါင်းကိစ္စလုပ်နေတာမဟုတ်ဘူး..''

My Crush Is A FujoushiWhere stories live. Discover now