Chapter (10)

30.1K 2.9K 300
                                    

Unicode

**********

လွန်းရတုအလုပ်လုပ်သော Poppy Bakery မှာ ရန်ကုန်မြို့တွင် ဆိုင်ခွဲတွေ အများကြီးရှိသော Bakery အကြီးကြီးဖြစ်သည်။ ထို့ကြောင့် ကိတ်မုန့်များ ပြုလုပ်ရာ အလုပ်ရုံကို သက်သက် ကိတ်မုန့်ဆိုင်တွေကို သက်သက်ထားတာဖြစ်သည်။ မုန့်ဖိုမှာ တကယ့်ကို အကြီးကြီးဖြစ်ပြီး ကိတ်မုန့်ဖုတ်သည့် Oven အကြီးကြီးတွေအထိ စုံစုံလင်လင်ရှိလေသည်။

လွန်းသည် ငယ်စဉ်ကတည်းက ကိတ်မုန့်လေးတွေကိုအရမ်းချစ်ပြီး Baker တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်လာခဲ့တာဖြစ်သည်။ သို့သော်ငြား ကျောက်တွင်းပိုင်ရှင်မိဘများက Baker ဆိုသည်ကို အထင်မကြီးကြ။ ဒါကြောင့် လွန်း Baker ဖြစ်ချင်သည့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုကိုရှင်းခန့်မောင်နှင့်အတူ ရန်ကုန်တွင် နေကာ ကျောင်းတက်ချင်သည်ဟု မိဘတွေကို ခွင့်တောင်းခဲ့တာဖြစ်သည်။

ဒါကြောင့် ခက်ခက်ခဲခဲရရှိထားတဲ့ လွန်းရဲ့ အခွင့်အရေးကို ဘယ်နည်းနဲ့မှအပျက်ဆီးမခံနိုင်ပါ။ ထို့ကြောင့် နေမကောင်းနေသည့်ကြားထဲမှ အိမ်က ခိုးထွက်လာခဲ့တာဖြစ်သည်။

ဒါကို နေဦးထွဋ်ဆိုတဲ့ ဦးလေးကြီးက မသိဘဲ လွန်းကို တမင်နှိပ်စက်ဖို့ကြိုးစားနေသည်လေ။ အရမ်းကိုမုန်းဖို့ကောင်းတဲ့ ဂွကျကျလူကြီး။ လွန်းကို တမင် အနိုင်ကျင့်သည့် အကြောင်းတွေကို စဉ်းစားမိရင်း စိတ်တိုလာသဖြင့် မျက်လုံးတွေပင် ပြာဝေချင်လာတော့တာဖြစ်သည်။

စိတ်လျှော့ လွန်းရတုရေ၊ စိတ်လျှော့ကွ.. ဒီကိတ်မုန့်တွေ ပေးပြီးသွားပြီး အကြွေးဆပ်ပြီးသွားရင် မင်းနဲ့ ဒီလူကြီးနဲ့ ပတ်သက်စရာအကြောင်းမရှိတော့ဘူး။

လွန်းထိုသို့စိတ်ထဲက ရေရွတ်လိုက််ရင်း အိမ်က သယ်လာခဲ့သော မုန့်ဖုတ်ရာတွင် လိုအပ်သည့် အလှဆင်ပစ္စည်းများထည့်ထားသည့် အိတ်ကြီးကို မနိင့်တနိုင်ဆွဲကာ မုန့်ဖုတ်ရာနေရာကို ဝင်လာခဲ့လေသည်။

စနေနေ့မို့ အလုပ်ရုံပိတ်သော်လည်း ပိုင်ရှင်ဖြစ်သည့်အစ်မဝမ်းကွဲက လွန်းကို ကိတ်မုန့်ဖုတ်သည့်နေရာကို စိတ်တိုင်းကျ ပေးသုံးထားခြင်း ဖြစ်လေသည်။

My Crush Is A FujoushiWhere stories live. Discover now