My Girlfriend is a Fujoushi !!Part (2)

31.6K 2.6K 223
                                    

Unicode

**************

ကားပါကင်တွင် ကားရပ်ပြီးသည်နှင့် စုံစုံ ကားပေါ်က ဝုန်းခနဲ ပြေးဆင်းသွားသည်။ ရှင်းခန့်မောင်ကိုပင် မစောင့်တော့ဘဲ Office Tower အပေါ်ထပ်ကို တက်သွားသည်။

ရှင်းခန့်မောင် ကားစက်ကို အမြန်သပ်ပြီးတော့ စုံစုံ့နောက်ကို အမြန်လိုက်သွားရသည်။

စုံစုံသည် မိန်းကလေး ဖြစ်သော်ငြား လမ်းလျှောက် အရမ်းကို မြန်လွန်းသည်။ စိတ်က ဆောင်နေသောကြောင့်ဘဲလားမသိ ရှင်းခန့်မောင်ပင် မနည်းလိုက်ရသည်။

ဒီနေ့ Saturday Date မှာ ချစ်သူနှစ်ဦး အေးအေးဆေးဆေး ဘုရားသွားရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းမယ် စဉ်းစားထားတာ။ ထုံးစံအတိုင်း စုံစုံ့အနောက်က ပြေးလိုက်နေရပြန်ပြီ။

မကြာခင်လည်း နားညည်းဦးမည်ဆိုတာ သိနေသည်။ ရှင်းခန့်မောင် စုံစုံ့နောက်က ပြေးလိုက်နေရင်းဖြင့်ပင် သက်ပြင်းမောကို ချမိသည်။

စုံစုံကတော့ နေဦးထွဋ်ရဲ့ ရုံးခန်းထဲကို တံခါးပင်မခေါက်တော့ဘဲ ဝုန်းခနဲ တံခါးဖွင့်ကာ ပြေးဝင်သွားသဖြင့် ရုံးခန်းထဲက ဝန်ထမ်းများ လန့်သွားကြသည်မှာ အသိအသာ။ အလုပ်ချိန်အတွင်းမို့ အားနာစရာကောင်းလှသဖြင့် ရှင်းခန့်မောင်ပင် ကြားထဲက မျက်နှာ အမူအယာဖြင့် တောင်းပန်လိုက်ရသည်။

ရုံးခန်းထဲက လူတွေလည်း အခြေအနေကို သိနေကြသည့်အတိုင်း နားလည်ဟန်ဖြင့် ဘာမှမပြောကြ။

စုံစုံတစ်ယောက် ဘယ်သူ့ကိုမှ ဘာမှဂရုမစိုက်ဘဲ နေဦးထွဋ် ရုံးခန်းတံခါးကို ဖွင့်ဝင်လိုက်သည်။

ရုံးခန်းထဲတွင် လွန်းရတုနှင့် နေဦးထွဋ် နှစ်ယောက် အခြေအနေမကောင်းကြ။

နေဦးထွဋ်ရဲ့ မျက်နှာက တော်တော်ကြီးကို စိတ်ရှုပ်နေဟန်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်သော ယောက်ဖကြီးက အခုတော့ ဆံပင်တွေရှုပ်ပွနေလျက် အကျပ်အတည်းကို ရင်ဆိုင်နေရဟန်။ ဆိုဖာပေါ်တွင်တောင် မထိုင်နိုင်ဘဲ လွန်းရတုကို တစ်စုံတစ်ခု ခခယယပြောဆိုနေဟန်။

လွန်းရတုကတော့ မျက်မှောင်လေးကုတ်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်။ နေဦးထွဋ်ကို နည်းနည်းလေးမှ ဂရုမစိုက်။

My Crush Is A FujoushiWhere stories live. Discover now