Chapter (15)

29.3K 2.6K 261
                                    

Unicode

*************


ရန်ကုန်မြို့ရဲ့ဆောင်းနံနက်ခင်း။

အရိပ်ရသစ်ပင်ကြီးများနှင့် မြင့်မားသော အဆောက်အဦးများ ပြည့်ကြပ်စွာ ပူးကပ်တည်ရှိနေနဲ့ တက္ကသိုလ်ရဲ့ Campus ဟာ ခပ်ဖျော့ဖျော့နေရောင်ခြည်ကို ထိုးဖောက်ဝင်ရောက်ခြင်းမရှိစေရန် တားဆီးပေးနေသလို။ နို့ဆီခွက်ကျောင်းလို့ နာမည်ကြီးတဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် မနက်ခင်းဆိုလျှင် ကားပါကင်နေရာဦးဖို့အတွက် ကျောင်းကို စောစောလာရမြဲ။

ဒါကြောင့် ရှင်းခန့်မောင်နှင့် လွန်းရတုက အမြဲတမ်း ပုံမှန်အချိန်ထက် စောပြီးတော့ အိမ်ကထွက်ရမြဲပင်။

ပြီးတော့ ရှင်းခန့်မောင် သတိထားမိသည်။ လွန်းရတုတစ်ယောက် မနေ့ညက အိမ်ပြန်လာပြီးကတည်းက စကားလည်း တစ်ခွန်းမှမပြောတော့ဘဲ ငြိမ်သက်သာ ငေးငိုင်တွေးမှိုင်နေသည်မှာ ဒီနေ့မနက်အထိ။

အခုလည်း ကျောင်းဝင်းထဲကိုဝင် ကားရပ်ပြီးသည်အထိ ငြိမ်သက်ကာ အတွေးကမ္ဘာထဲမျောနေဆဲ။

''ဟေ့ကောင်.. လွန်း.. ကျောင်းရောက်ပြီ... ဆင်းတော့.. ''

ရှင်းက လွန်းရဲ့ပုခုံးကို လှုပ်ကိုင်လိုက်ပြီး အော်ခေါ်လိုက်တော့မှ သတိပြန်ဝင်လာပြီး ရှင်းကို မော့ကြည့်သည်။ ထို့နောက် မနေ့ညကတည်းက ဝဇီပိတ်ကျင့်နေရာမှ ပထမဆုံး စကားတစ်ခွန်းထွက်လာသည်။

''ကိုကို.. ''

''ဘာလဲ.. ''

''ကျွန်တော့်ကို နမ်းကြည့်ပါလား..''

''ဟေ..''

ရှင်းခန့်မောင် ကြက်သီးတွေ ထကာ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် လွန်းကို ကြည့်လိုက်မိသည်။

ဒီကောင်လေး.. ဘာတွေလာမေးနေတာလဲ..။

''ဘာတွေ လာမေးနေတာလဲ ဟေ့ကောင်.. ရူးနေလား.. နမ်းစရာလား.. အစကတည်းက မင်းနဲ့ ငါနဲ့ကို စုံစုံက တစ်မျိုးထင်နေတာ.. ''

''မဟုတ်ပါဘူး.. ကျွန်တော်ပြောတာ.. အဲ့ဒီလိုသဘောမျိုးမဟုတ်ဘူး.. ကျွန်တော့်ပါးကို တစ်ခါလောက်ဘဲ နမ်းပေးကြည့်.. Please''

My Crush Is A FujoushiWhere stories live. Discover now