Naughty Valentine ( 1 )

15.5K 1.3K 88
                                    

Unicode

**************

အိပ်ပျက်ညတွေများသဖြင့် မျက်လုံးတွေက မပွင့်ချင် ။ လူတွေရဲ့ အာရုံခံနိုင်စွမ်းအရ နေ့လည် ဆယ့်နှစ်နာရီကျော်နေပြီဖြစ်ကြောင်း အလိုလိုသိနေသည် ။

ဒီနေ့ ဘာမှလုပ်စရာ အစီအစဉ်မရှိသလို ထူးထူးဆန်းဆန်းလုပ်ချင်တဲ့ အစီအစဉ်လည်းမရှိ။ မျက်စိနောက်သည် ။ ဆက်အိပ်နေတာပဲကောင်းသည် ။

နောက်ထပ် မပွင့်ချင်ပွင့်ချင်မျက်လုံးတွေကို အေးဆေးစွာ ပိတ်ထားခွင့်မပေးသေးတာက အခန်းထဲမှာ ပျံလွင့်နေပြီဖြစ်တဲ့ ရေမွှေးနံ့တွေ ။ အတိအကျပြောရရင် လွန်းသုံးနေကျ လွန်းရဲ့ ကိုယ်ပိုင် ရေမွှေးနံ့တွေ ။

တစ်စုံတစ်ယောက်တော့ လွန်းရဲ့ အခန်းထဲဝင်ပြီး အလကားရတဲ့ ရေမွှေးတွေကို အသေဆွတ်နေပြီကော ။

ကိုယ်ပိုင်ရေမွှေးလည်းရှိရဲ့သားနဲ့ သူများရေမွှေးကို ... ။

အိပ်နေရာမှ ထထိုင်ကာ အခန်းထောင့် မှန်တင်ခုံနားတွင်ရပ်ရင်း ရေမွှေးဆွတ်နေတဲ့ အစ်ကိုဖြစ်သူကို မျက်ထောင့်နီဖြင့်ကြည့်ရင်း အော်ပြောလိုက်မိသည် ။

"ကိုယ့်ရေမွှေးကိုယ်ဆွတ်ပါလားဗျာ ... မွှန်ထူနေတာပဲ"

"ငါ့ရေမွှေးက အရမ်းအနံ့ပျင်းတယ် .. မင်းရေမွှေးက နည်းနည်း ပျော့ပြီး အနံ့သင်းလို့ .."

"ပျော့တဲ့ အနံ့ဆွတ်ချင်ရင် နည်းနည်းပဲ ဆွတ်ပေါ့ဗျ .. အခု ကိုကိုဆွတ်နေတာ မွှန်လွန်းလို့ ကျွန်တော့်ရေမွှေးအနံ့တောင် ကျွန်တော် မကြိုက်ချင်တော့ဘူး .."

"နည်းနည်းပဲ ဆွတ်လို့မရဘူးလေကွာ .. သင်းသင်းလေးနဲ့ အကြာကြီး ကိုယ်မှာ စွဲနေမှဖြစ်မှာ .."

"ဘယ်လိုဖြစ်လို့ အဲ့လောက် လှချင်နေတာလဲ"

အစ်ကိုဖြစ်လွန်းက သပ်သပ်ရပ်ရပ် စတိုင်လ်ကျကျနေတတ်ပေမယ့် အရမ်းကြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လွန်းမဟုတ် ။ ကိုယ့်အစ်ကို မလို့ ကြွားပြောတာမဟုတ်ပေမယ့် အရမ်းကြီး မပြင်မဆင်ရင်တောင် ချောနေတတ်တာ ။

ဒီနေ့မှ ပြင်ဆင်လွန်းနေတာ ထူးထူးဆန်းဆန်းဖြစ်နေတာကြောင့် လွန်းမေးလိုက်မိခြင်းပင် ။

My Crush Is A FujoushiWhere stories live. Discover now