Chapter (17)

27.7K 2.6K 210
                                    

Unicode

*********


''ဒါဆို နင်ပြောချင်တဲ့ သဘောက.. လွန်းကို ရှင်းလက်ထဲကနေ လုမယ့်နောက်တစ်ယောက်ရှိလာပြီဆိုတဲ့ သဘောပေါ့.. ''

ယမုံ့ရဲ့အမေးကို စုံစုံက ဆရာကြီး ဒီဇိုင်းဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဒီလိုမျိုး Fujoushi တိုင်းရဲ့ Ideal Couple လို့ ပြောလို့ရတဲ့ အတွဲတွေက စုံစုံ့ကို အားကိုတကြီးဖြင့် တိုင်ပင်လာသဖြင့် ကူညီပေးခွင့်ရတယ်ဆိုတာက စုံစုံက ဆရာကြီးဆိုသော သဘောဖြစ်သည်လေ။ သူငယ်ချင်းသုံးယောက်သား ကျောင်းဆင်းချိန်တွင် ကန်တင်းတွင် ထိုင်ကာ မနေ့က စုံစုံ လွန်းဆီက ကြားခဲ့သော စကားတွေကို ပြန်ပြောပြရင်း စုံစုံက မိမိရဲ့ထင်မြင်ချက်ကိုသူငယ်ချင်းတွေကို ပြောပြနေတာဖြစ်သည်။

မျက်နှာချင်းဆိုင်တွင် ထိုင်နားထောင်နေသော လေအိုးက ဟန်ပါပါဖြင့် ကိုယ့်ရင်ဘတ်ကိုယ် လက်ဖြင့် ဖိကာ ရေရွတ်လေသည်။

''ဟယ်.. ဂလိုကြီးလား..''

စုံစုံက ခေါင်းငြိမ့်ပြလိုက်တော့ ယမုံကထပ်ပြီးတော့ ပြောသည်။

''နင့်ဟာက သေချာလို့လား.. တစ်လောကလုံးက ယောက်ျားတွေက နင်တို့ဖြစ်ချင်သလို Gay တွေမဟုတ်ကြဘူးနော်.. ထင်ချင်ရာတွေ လျှောက်ထင်မနေနဲ့.. ''

စုံစုံ့က အမြဲတမ်းမယုံသင်္ကာဟန်ဖြင့် မေးနေသော ယမုံ့အမေးကို စုံစုံက ယုံကြည်မှုရှိစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

''ဟဲ့.. မသေချာရင် မပြောဘူး.. ငါထင်တာတွေ အခုအချိန်ထိ တစ်ခုမှမှမလွဲသေးတာ.. ရှင်းနဲ့လွန်းဟာ တွဲနေကြပါတယ်ဆိုတာတောင် နင်တို့မယုံကြတာ အခု ငါ့ကို ကိုယ်တိုင်ဝန်ခံသွားပြီလေ.. ''

''ဟိုကိစ္စနဲ့ ဒီကိစ္စနဲ့ တူမှမတူတာ..''

ယမုံက ထပ်ငြင်းတော့ စုံစုံက လက်ကာပြပြီး လက်ချောင်းလေးတွေကို တစ်ချက်ချင်းဆီချိုးကာရေတွက်ပြရင်း ပြောလိုက်လေသည်။

''ဒီကိစ္စလည်း သေကိုသေချာတယ်.. လွန်းက ငါ့ကို အတိအကျကြီးမပြောပေမယ့်.. သူပြောတဲ့ သူနဲ့အလုပ်လုပ်နေတယ်ဆိုတဲ့ လူကြီးက လွန်းအပေါ် ရိုးကိုမရိုးသားဘူးဟာ.. ငါ့ကလေးကို ဆွဲစားဖို့ကိုကြံနေတာ.. ရှင်းက ရိပ်မိတော့ လွန်းနဲ့ အဲ့လူကြီးကို မပတ်သက်ဖို့ပြောတယ် .. လွန်းက အလုပ်ကို သူလုပ်နိုင်တယ်ဆိုတာ ပြချင်လွန်းတော့ ဇွတ်တိုးတယ်.. ဒီလိုနဲ့ ရှင်းက စိတ်ဆိုးရော.. လွန်းကလည်း သူ့ကို ရှင်းက မယုံရကောင်းလားဆိုပြီးတော့ စိတ်ဆိုးတယ်.... ဒီလိုနဲ့ နှစ်ယောက်သား ပြဿနာတက်ကြတယ်.. ပြတ်မယ်တွေ ဘာတွေ ဖြစ်ကြတယ်.. ဒါဘဲ..''

My Crush Is A FujoushiWhere stories live. Discover now