2

7.8K 913 29
                                    

Zawgyi
...
....

Black Coffee

.....

" jimin ရေငါသွားပြီနော် မင်းတကယ်
ဖြစ်တယ်နော် "

ဖိနပ်ကိုကြိုးချည်ရင်းတန်းလန်း ရင်ဘတ်ထဲမှာလဲ
ပစ္စည်းကိရိယာအစုံအလင်ကိုပိုက်ပြီးး အော်
ပြောနေသော Taehyung ကြောင့်
Jimin စိတ်မရှည်တော့ ။

" အဆင်ပြေပါတယ်ဆို ဖြောင့်ဖြောင့်တန်း
တန်းသွား မနေ့ထဲကဒါပဲပြောနေတာ "

Sofa ရှေ့တွင်စာရင်းစာအုပ်များချကာ
ငုတ်တုပ်ထိုင်ပြီး တဝါးဝါးသမ်းရင်း jimin
ပြန်ပြောနေခြင်းပင် ။

" မင်းညကအိပ်ရောအိပ်လား "

" အိပ်ပါတယ်ကွ ဘာဖြစ်လို့လဲ "

" မင်းပုံစံက ပန်ဒါ ဖြစ်နေလို့ဟေ့ "

Taehyung ပြောမှပဲ ဘေးနားကဖုန်းကိုကပြာကယာ
ယူ၍ မှန်လုပ်ပြီးကြည့်ရသေး၏။

သူပြောသလောက်လဲမဆိုးပါဘူး။
မျက်ကွင်းလေးနဲနဲညိုရုံပါ ။

" ဒါဆို ငါသွားပြီ ညနေလောက်မှပဲ
ပြန်လာတော့မယ် "

ဖိနပ်စီးပြီးသွားတော့လဲ ပစ္စည်းတွေကို မနိုင်မနင်း
သယ်ရင်းတဖွဖွမှာနေသေးပြန်၏။

" ခဏ Taehyung "

တံခါးလက်ကိုင်ကိုဖွင့်မလို့လုပ်နေသော
Taehyung ကိုခဏရပ်စောင့်ခိုင်းပြီး
အခန်းထဲ အပြေးဝင်သွားလိုက်သည် ။
Taehuyng ကဘာလဲဆိုပြီးရပ်စောင့်ပါသည်။

" မင်းကတော့လေ တစ်ခုမဟုတ် တစ်ခုကို
မေ့တယ် ဒီလောက်အေးနေတာကို အနွေးထည်
အပါးလေးနဲ့ ရော့ ဒါထပ်ဝတ်သွား"

ဆွယ်တာထူထူလေးကိုပစ်ပေးလိုက်ရင်း သူအော်တော့
သကောင့်သားက ပြန်အော်သည်။

" ဟဲ ငါလဲ ပစ္စည်းတွေစုံမစုံစစ်ဆေးရင်း
အနွေးထည်ဝတ်ဖို့မေ့သွားတာပါ ကျေးဇူး
Jimin ရေ "

" အေးအေး ကောင်းကောင်းသွား "

Taehyung ကိုလက်ပြလိုက်ပြီး လုပ်လက်စ
မပြီးပြတ်သေးသောစာရင်းတွေကို
အပြီးစစ်ဆေးလိုက်သည် ။

အား......ခုမှပဲပြီးတော့တယ် ။

အချိန်အားဖြင့် မနက် 10 နာရီ။
လက်နှစ်ဖက်ကိုဆန့်၊ ရင်ကိုကော့ ခါးကိုမတ်
၍ ပျင်းကြောဆန့်ပြီး company အမြန်
ဖုန်းဆက်ရတော့သည် ။
ဒီနေ့ နေမကောင်းဘူးဆိုပြီး ခွင့်ယူရမှာလေ ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now