21

6K 723 62
                                    

Zawgyi

....
....

Black Coffee

....

YM Company ကြီးရှေ့ ခြေအစုံချလိုက်
သည်နှင့် လက်ချောင်းများကလဲ တစ်ဖက်လူ
၏ ဆုပ်ကိုင်ခြင်းကိုခံလိုက်ရသည် ။

" Hyung ဘာလုပ်တာလဲ "

" ဘာဖြစ်လို့လဲ ကိုယ့်ချစ်သူလက်
ကိုယ်ကိုင်တာ "

"  ဟာ ဝန်ထမ်းတွေမြင်သွားဦးမယ်
သွားတော့ Hyung အရင်ဝင် "

ပေကပ်ကပ်ရပ်နေသည့် yoongi ကိုယ်
ကြီးကို jimin ရှေ့သို့ တွန်းပို့လိုက်ရင်း
အရင်သွားရန် အချက်ပြလိုက်သည် ။

ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကိုလဲ အကဲ
ခတ်လိုက်ရသေးသည် ။
ဘယ်သူတွေများမြင်သွားပြီလဲ ။

အရင်နေ့တွေကလဲ အလုပ်အတူတူလာနေကျ
ဖြစ်ပေမဲ့ company နားနီးရင်  jimin
ကအရင် သွားနှင့်သည် ။

ဝန်ထမ်းတွေ သူတို့စ်နှယောက်အခြေအနေကို
သိသွားပြီး ကဲ့ရဲ့မှာကို မလိုလားပေ ။
ပိုဆိုးသည်က ရှယ်ယာဈေးများ ထိုးကျသွား
ပြီး company image ထိခိုက်မှာကိုပင် ။

ဒါကို ဒီနေ့ yoongi hyung က  company ထဲအတူတူဝင်ရန် ကြိုးစားနေသည် ။

ယခုတောင် သံယောဇဉ်ကမပြတ် နောက်ကို
လှည့်ကြည့် လှည့်ကြည့်နဲ့ ဘေးနားက
ဝန်ထမ်းတွေ ဦးညွတ်သွားတာကိုလဲ
မမြင်ဖူးထင်ပါရဲ့ ။

ဒီလူကြီးနဲ့တော့ ကြာရင် သူအသက်တို
တော့မည် ။

မသက်မသာ မျက်နှာထားနဲ့ နောက်မှာကျန်ခဲ့
သော  jimin ကိုကြည့်ပြီး yoongi
မျက်နှာပိုးမသတ်နိုင် ၊ ပြုံးစိစိဖြင့် company ထဲဝင်လာတာ ရုံးခန်းထဲ
မည်သို့မည်ပုံရောက်လာမှန်းတောင်မသိလိုက်။

Park jimin ! ထိုကောင်လေးနှင့်ပတ်
သက်သမျှအရာအားလုံးကို Yoongi မေ့ထား
လိုက်ပြီးဖြစ်သည် ။

လက်ရှိတွင်အကောင်းဆုံးကိုသာဖန်တီး
ပေးမည် ။ ချစ်ပေးမည် ။ ဂရုစိုက်ပေးမည် ။
ထိုကလေး အလိုရှိသမျှအကုန်ဖြည့်ဆည်း
ပေးချင်မိသည် ။

အချစ် ။ ထိုစကားရဲ့အဓိပ္ပါယ်ကိုလဲ park
Jimin နဲ့မှ နားလည်သဘောပေါက်ခဲ့
ရသည် ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now