17

5.2K 695 25
                                    

Zawgyii

..
..

အချိန်အတော်ကြာမှိတ်ထားမိသောမျက်ဝန်းအစုံကို ဖွင့်ကြည့်မိတော့ မျက်နှာကြက်ဖြူဖြူ
ကိုသာတွေ့ရသည် ။

" နိုးသွားပြီလား jimin "

ကုတင်ဘေးစာကြည့်ခုံတွင်စာရွက်များလှန်နေ
သော yoongi က သူ့ကိုကြည့်၍ဆိုသည် ။

ဟုတ်သား yoongi ကုတင်ပေါ်ကိုသူရောက်
နေတာပဲ ။

" Hyung ဘယ်အချိန်ရှိသွားပြီလဲ "

" အင်း 9:00 နာရီကျော်ပြီ "

သူ 2 နာရီကျော်ကျော်လောက်အထိအိပ်
ပျော်သွားခဲ့တာပဲ ။

Yoongi ထုတ်ပေးခဲ့တဲ့ အင်္ကျီကိုလဲဝတ်
ပြီးတော့ နည်းနည်းလှဲချင်တာနဲ့ ကုတင်ပေါ်
တက်လှဲမိတာ တနေ့လုံးပင်ပန်းတဲ့
အရှိန်ကြောင့်အိပ်ပျော်သွားတယ်နဲ့တူပါရဲ့ ။

" မှန်းစမ်း ကိုယ်ပူသေးလား "

ဘာလဲ yoongi ကသူ့နဖူးကို လာထိပြီး
ကိုယ်ပူစမ်းနေတာလား ။

" နွေးတော့နွေးနေသေးတယ် တရေးအိပ်လိုက်တော့နည်းနည်းသက်သာသွားတာဖြစ်မယ် "

နဖူးကိုလက်နဲ့လာအုပ်ပြီး စမ်းရုံသာမက
လည်ပင်းနဲ့ပါးနှစ်ဖက်ပါ အစစ် ကိုင်စမ်း
နေသေးသည် ။

အေးစက်စက် yoongi လက်တွေက
သူ့အသားနွေးနွေးကို တချက်ထိတိုင်း
ကိုယ်ပူချိန်ပိုတိုးလာသလိုမျိုး ။

မဖြစ်တော့ဘူး သူအိမ်ပြန်ပြီးသက်တောင့်သက်
သာအနားယူမှရတော့မယ် ။

" ဟို ကျွန်တော် အိမ်ပြန်တော့မယ် Hyung
Taehyung လဲဒီချိန်ဆိုပြန်ရောက်
လောက်ပြီ "

" ဟမ် အတင်းတွေထွက်ပြေးနေပါရော့လား
ကိုယ်ကကိုက်မစားပါဖူးနော် "

စကားအသွားအလာတွေတောင်ပြောင်းနေ
ပါရော့လား Min yoongi ရယ် ။

" ကျွန်တော် အားနာလို့ပါ ခုလဲ Hyung
ကုတင်ပေါ်တက်အိပ်နေတော့ "

" ရတယ် ကိုယ်တို့ဆက်ဆံရေးက
အားနာစရာလိုလို့လား  jimin
ဗိုက်ဆာနေရောပေါ့ jimin အိပ်နေတုန်း
နိုးလာရင် စားလို့ရအောင်ဆန်ပြုတ်ပြုတ်
ထားတယ် ကိုယ်ပြန်နွှေးပေးထားမယ် "

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now